ပါကစ္စတန်မှာ ခရီးသည်တင်လေယာဉ် ပျက်ကျရာ လူ ၉၇ ဦး သေဆုံး ပြီး ၂ ဦး အသက်ရှင်

ကာရာချီ ၂၃ မေ

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကာရာချီမြို့ရှိ လူနေအိမ်တွေပေါ် ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျခဲ့ရာ ၉၇ ဦး သေဆုံးပြီး၊ ၂ ဦးသာ အသက်ရှင်ကြောင်း ကျန်းမာရေးဝန်ကြီးက ဒီနေ့(စနေနေ့) မှာ ထုတ်ပြန်ပြောကြားပါတယ်။  

ပါကစ္စတန်နိုင်ငံတကာ လေကြောင်းလိုင်း (PIA) လေယာဉ်ဟာ ကာရာချီလေဆိပ်မှာ ဆင်းသက်ဖို့ အကြိမ်ကြိမ်ကြိုးစားရင်း လူနေအိမ်တွေပေါ်ကို မနေ့က ပျက်ကျခဲ့တာလို့ သိရပါတယ်။  လေယာဉ်ပျက်ကျတဲ့အတွက် အဆောက်အအုံတွေ ပျက်စီးခဲ့ကြောင်းနဲ့ ညပိုင်းအထိ ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

လေယာဉ်ပေါ်ပါရှိတဲ့ ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်းတွေရဲ့ အလောင်းတွေကို အခင်းဖြစ်ပွားရာနေ ရှာဖွေခဲ့ရာမှာ ၁၉ ဦးကိုတော့ အမည်စာရင်းထုတ်ပြန်နိုင်ပြီလို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

မြေပြင်မှာရှိတဲ့ လူတွေထဲက သေဆုံးသူတွေရဲ့ အလောင်းကို လက်ခံရရှိကြောင်း ဒေသတွင်း ဆေးရုံကလည်း ထုတ်ပြန်ကြေညာထားပါတယ်။ အခင်းဖြစ်ပွားရာ နေရာကို စနေနေ့နံနက်ပိုင်းအထိ ပိတ်ထားဆဲ ဖြစ်ပါတယ်။

လေယာဉ်ဟာ လာဟိုးမြို့ ကနေ ကာရာချီမြို့ ကို ပျံသန်းတာဖြစ်ကြာင်းနဲ့ ခရီးသည် ၉၁ ဦးနဲ့ လေယာဉ်ဝန်ထမ်း ၈ ဦး လိုက်ပါလာကြောင်း သိရပါတယ်။

 

MDN
ကိုးကား - AFP