ပါကစ္စတန်အတွက် အဝေးထိန်း ဂြိုဟ်တုနှစ်လုံး ဂျွန်လတွင် တရုတ်လွှတ်တင်မည်

ပေကျင်း ၄ ဧပြီ

 

လာမယ့် ဂျွန်လမှာ ပါကစ္စတန်အတွက် အဝေးထိန်းဂြိုဟ်တုနှစ်လုံး လွှတ်တင်သွားဖို့ရှိတယ်လို့ တရုတ်နည်းပညာ အကယ်ဒမီရဲ့ website သတင်းအရ သိရပါတယ်။ 

 

Long March-2C လို့ အမည်ပေးထားတဲ့ ဒုံးကျည်ဟာ ၁၉၉၉ ခုနှစ်က Motorola ကုမ္ပဏီအတွက် Iridium ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းကြောင်းထဲ သယ်ဆောင်သွားပြီးနောက်ပိုင်း ၁၈ နှစ်အတွင်း ပထမဆုံးသော နိုင်ငံတကာစီးပွားရေး ခြေလှမ်းတစ်ရပ်အဖြစ် ပါကစ္စတန်အတွက် အဝေးထိန်း ဂြိုဟ်တုနှစ်လုံးကို သယ်ယူလွှတ်တင်မှာ ဖြစ်ပါတယ်။

 

အဆိုပါဒုံးကျည်ဟာ လာမယ့် စက်တင်ဘာလမှာ တရုတ်-ပြင်သစ် အဏ္ဏဝါဂြိုဟ်တုကို အာကာသထဲ ပို့ဆောင်ပေးဖို့ရှိကြောင်း၊ အဆိုပါ အဏ္ဏဝါဂြိုလ်တုက သမုဒ္ဒရာလေစီးကြောင်းတွေနဲ့ လှိုင်းအခြေအနေကို စောင့်ကြည့်ပေးမှာဖြစ်ကြောင်း သိရပါတယ်။

 

Long March-2C ဒုံးကျည်ကို ကမ္ဘာမြေအနီး ပတ်လမ်းကြောင်းသို့ ဂြိုဟ်တုလွှတ်တင်ရာမှာ အဓိကအသုံးပြုကြောင်း ဆင်ဟွာသတင်းတစ်ရပ်အရ သိရပါတယ်။ 

 

ဘာသာပြန် > မိုးမမ 

ကိုးကား > ဆင်ဟွာ