ပါကစ္စတန်အနောက်မြောက်ပိုင်းတွင် လှေတိမ်းမှောက် ၈ဦးသေ၊ အများအပြား ပျောက်ဆုံး

၄ ဇူလိုင်

 

ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်၊ Haripur မြို့တွင်  လူ ၅၀ တင်ဆောင်ဆောင်လာသည့် လှေတစ်စင်းတိမ်းမှောက်မှုဖြစ်ပွားပြီး  ရှစ်ဦး နစ်မြုပ်သေဆုံးခဲ့ပြီး  ပြန်လည်ဆယ်ယူခဲ့ကြောင်း ဒေသန္တရ မီဒီယာများနှင့် တာဝန်ရှိသူများက ကြာသပတေးနေ့တွင် ပြောကြားသည်။  

 

အဆိုပါ အဖြစ်အပျက်သည် ဗုဒ္ဓဟူးနေ့က ပြီးပွားခဲ့ပြီး ကလေးငယ်လေးဦးမှာ သေဆုံးခဲ့ပြီး အခြားသူ  ၁၅ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း၊ ရေငုပ်သမားများမှ အခြားသူများကို ရှာဖွေနေကြောင်း အဆိုပါ မြို့၏ လက်ထောက် အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။ 

 

ဟီရူပါရှိ တာဘယ်လန်ရေကန်တွင် အဆိုပါလှေ တိမ်းမှောက်ခြင်းမှာ ဒီရေများ မြင့်တက်ခြင်းကြောင့်ဖြစ်ပြီး လှေပေါ်တွင် လူ ၅၀ မှ ၆၀ လိုက်ပါလာသည်ဟု ၄င်းက ပြောကြားသည်။ 

 

ဒေသခံ ရေငုပ်သမားများနှင့် ကယ်ဆယ်ရေးသမားများကို အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းစေလွှတ်ခဲ့သော်လည်း လမ်းများမကောင်းသဖြင့် မတော်တဆဖြစ်ပွားရာနေရာသို့ ရောက်ရှိရန် အချိန်ကြာမြင့်စွာ သွားခဲ့ရသည်ဟု ဆိုသည်။ 

 

ကယ်ဆယ်ရေးများ အမြန်ပြုလုပ်ရန်အတွက် ပါကစ္စတန်ကြည်းတပ်ကို အခင်းဖြစ်ပွားရာနေရာသို့ စေလွှတ်ခဲ့သည်ဟု ဆိုသည်။

 

လှေသည် သတ်မှတ် ဝန်အားထက်ကျော်လွန်ပြီး တိရစ္ဆာန်နှင့် လူများကို တင်ဆောင်ခဲ့ခြင်းကြောင့် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်