ပိုင်ကျုံမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်

လှိုင်းဘွဲ  ၊ ၈   ဒီဇင်ဘာ 

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟို ဌာနခန်းမ၌ ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိ ပညာပေး ခေါင်းစဉ်ဖြင့်Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နော်ခူးခူးက ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ သိရှိနိုင်ရန်အတွက် အသိပညာပေး Talk Show ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပိုင်ကျုံနယ်မြေမီးသတ်စခန်း မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးစောထီးမှူးဂျူးက ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ စက်သုံးဆီအရောင်းဆိုင်များနှင့် Gas(ဂတ်စ်)အရောင်းဆိုင်းများတွင် မီးလောင်မှု မဖြစ်ပွားစေရေးနှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိပြီး  မီးသတ်ဆေးဘူးများ ထားရှိရန်စသည့် မီးဘေးအန္တရာယ်ဆိုင်ရာ ကြိုတင် ကာကွယ်ရမည့် လုပ်ငန်းများ၊ မီးသတ်ဆေးဘူး အသုံးပြုပုံများ အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ပြီး ပြည်သူများအနေဖြင့် ပွင့်လင်းရာသီ ရောက်ရှိပြီးဖြစ်သောကြောင့် မီးသတိပြုကြရန် စက်သုံးဆီ အရောင်းဆိုင်များ၊ Gas(ဂတ်စ်) အရောင်းဆိုင်များ၊ ကုန်စုံဆိုင်များနှင့် စားသောက် ဆိုင်များတွင် တစ်အိမ်တက်တစ်အိမ်ဆင်း အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက် ရှိကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

 

ပိုင်ကျုံ(ပြန်/ဆက်)