ပိုးကူးစက်မှု များလာတဲ့အတွက် နယူးယောက်စီးတီးရှိ အစိုးရ ကျောင်းတွေအား ၇ ရက် ပိတ်မယ်

၁၉ နိုဝင်ဘာ

 

 

အမေရိကန် နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု များလာတဲ့အတွက် နယူးယောက်စီးတီးရှိ အစိုးရ ကျောင်းတွေအား ၇ ရက် ပိတ်ထားမယ်လို့ မြို့တော်ဝန်က ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။

 

 

ပြီးခဲ့တဲ့ ၇ ရက်အတွင်း ပိုးကူးစက်မှုရဲ့ ၃ ရာခိုင်နှုန်းဟာ နယူးယောက်စီးတီးက ဖြစ်တဲ့ အတွက် ကိုရိုနာဗိုင်းရပ်စ်ပိုး ဒုတိယလှိုင်းကို ထိန်းချုပ်ရမယ်လို့ မြို့တော်ဝန်က ပြောပါ တယ်။

 

 

နယူယောက်စီးတီး အတွင်းမှာရှိတဲ့ ကျောင်းသူကျောင်းသား ၁.၁ သန်း တက်ရောက် ပညာသင်ကြားနေတဲ့ အစိုးရကျောင်းတွေကို ဒီနေ့(ကြာသပတေးနေ့) ကစပြီး ၇ ရက် ပိတ်မယ်လို့ သိရပါတယ်။

 

 

နယူးယောက်ရှိ အစိုးရကျောင်းပေါင်း ၁,၈၀၀  ကို ဗိုင်းရပ်စ်ပို ကူးစက်မှု ပထမလှိုင်း အတွင်း မတ် ၁၅ ရက်နေ့က ဧပြီ ၂၀ ရက်အထိ ပညာသင်နှစ် မပြီးခင်အထိ ပိတ်ခဲ့ပါတယ်။

 

 

ကျောင်းတွေဟာ စက်တင်ဘာလက ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။

 

 

နယူးယောက်စီးတီးမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူဟာ ၂၄,၀၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

 

 

MDN

ကိုးကား - AFP

p1