ပိတ်မိမိုင်းလုပ်သားများ ရှာဖွေမှု အင်ဒိုနီးရှား ဆက်လက်လုပ်ဆောင်

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းတွင် သတ္တုတွင်းတစ်ခု ပြိုကျခဲ့ရာ ပိတ်မိနေသူများအတွက် ကယ်ဆယ်ရေး ကြိုးပမ်းမှုများ ဆက်လက်ပြုလုပ်လျက်သည်။

အဆိုပါ ပြိုကျသတ္တုတွင်း၌ မိုင်းလုပ်သား ၁၀ဝခန့် ပိတ်မိနေကြောင်း အာဏာပိုင်များက ပြောကြားသည်။   

သေဆုံးသူဦးရေမှာ ၉ဦးထိ ရောက်ရှိလာပြီး ဒဏ်ရာရရှိခဲ့သူ ၁၉ ဦးကို အပြင်သို့ ဆွဲထုတ်ကယ်ဆယ်ခဲ့ရသည် ဟုဆိုသည်။ 

ဆူလာဝေစီကျွန်းမြောက်ပိုင်းရှိ  အဆိုပါလိုင်စင်မဲ့ သတ္တုတွင်းမှာ ပြီးခဲ့သည့်အပတ်က ပြိုကျခဲ့သည်။

 

mdn

 

မြေကြီးများ ရွှေ့ပြောင်းမှုနှင့် မြေအောက်သို့တူးဖော်ထားသည့် တွင်းများစွာကြောင့် သစ်သားများတည် ဆောက် ထားသည့် အဆိုပါသတ္ထုတွင်း ပြိုကျခဲ့ခြင်းဖြစ်သည်။

အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန် အလုပ်သမား ၂၀ဝ က ကြိုးပမ်းလျက်ရှိသည်။

ပိတ်မိနေသူ အရေအတွက်ကို အတိအကျမသိရှိကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

အဘယ်ကြောင့်ဆိုသော် နယ်ဝေးတွင်နေထိုင်သူ အများစုပါဝင်သည့် မိုင်းလုပ်သားမိသားစုများထံမှ သတင်းများ ကို အကန့်အသတ်ဖြင့်သာ ရရှိသောကြောင့်ဖြစ်သည်။

အဆိုပါ ပြိုကျသတ္တုတွင်းမှာ အန္တရာယ်ကြီးမားစွာရှိနေသော အင်ဒိုနီးရှားနိုင်ငံရှိ တရားမဝင်လုပ်ကိုင်နေသည့် အသေးစား လုပ်ငန်းများအနက်တစ်ခုဖြစ်သည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

 

mdn