ပီရူးတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၂၈၈၅၀၊ သေဆုံးသူ ၁၉၆၁၄ ဦး ရှိလာ

၃ ဩဂုတ်

 

 

ပီရူးနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၆၅၇ ဦး ထပ်မံတွေ့ရှိရပြီးနောက် ကူးစက်ခံရသူပေါင်း ၄၂၈၈၅၀ ရှိလာသည်ဟု ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

 

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၉၆၁၄ ဦး အထိ မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။

 

 

ကျန်းမာရေး အာဏာပိုင်များက လူဦးရေ ၂၄၀၄၀၄၆ ဦး ကို စမ်းသပ်စစ်ဆေးမှုပြုလုပ်ခဲ့သည်။

 

 

ရောဂါ ကူးစက်ခံရများအနက် ၁၃၇၄၃ ဦး မှာ ဆေးရုံတက် ကုသမှုခံယူရန် လိုအပ်ပြီး ၁၄၁၀ ဦးမှာ အထူးကြပ်မတ်ဆောင်တွင် အသက်ရှု အထောက်အကူပြု ကိရိယာ တပ်ဆင်အသုံးပြုရန် လိုအပ်သည်။

 

 

ပီရူးနိုင်ငံအစိုးရသည် နိုင်ငံတစ်ဝှမ်း ညမထွက်ရ အမိန့်ကို ဆက်လက်ထားရှိထားသော်လည်း ကူးစက်မှုအများဆုံး ဒေသခုနစ်ခုတွင် အဝင်အထွက် ကန့်သတ်ပိတ်ဆို့မှု အစီအမံများ ဆက်လက်ထားရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို