ပီရူးနိုင်ငံတွင် ယာဉ်တိုက်မှုဖြစ်ပွား ၁၆ ဦးထက်မနည်းသေဆုံး

၇ ဇန်နဝါရီ

 

ပီရူးနိုင်ငံ အာရီကွစ်ပါ ဒေသရှိ ကာရာဗီလီ မြို့အနီးတွင် ယမန်နေ့က  ဘတ်စ်ကားတစ်စီးသည် အခြားယာဉ်များနှင့် တိုက်မိကာ  ၁၆ ဦးထက် မနည်းသေဆုံးခဲ့ပြီး အခြား ၄၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အာရီကွစ်ပါ ဒေသကျန်းမာရေးစီမံခန့်ခွဲမှုဆိုင်ရာ အကြီးအကဲ ဒမ်ဘာ မူနော့ဇ် လိုဇာဒါ က ပြောကြားခဲ့သည်။

 

mdn

 

အဆိုပါ ဘတ်စ်ကားသည် ယမန်နေ့ မနက်စောပိုင်းက  လီမာမြို့မှ အာရီကွစ်ပါ မြို့သို့ ဦးတည်သွားစဉ် အခြားယာဉ်များနှင့် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ထိုတာဝန်ရှိသူက ပြောကြားခဲ့သည်။

 

ထိုမတော်တဆမှုတွင် ဒဏ်ရာပြင်းထန်စွာရရှိသူ နှစ်ဦးကို အာကွစ်ပါမြို့အနီး နာဇ်ကာဆေးရုံသို့ ပို့ဆောင်ပေးကာ အရေးပေါ်ကုသမှုပေးခဲ့ကြောင်း မူနော့ဇ် လိုဇာဒါ ပြောကြားချက်အရ သိရသည်။

 

ယင်းကဲ့သို့ ဒဏ်ရာရရှိသူများတွင် ဘရာဇီးနိုင်ငံသားနှစ်ဦးအပါအဝင် နိုင်ငံခြားသား ခရီးသွားလေးဦး ပါရှိကြောင်း ဖော်ပြထားသည်။

 

ပီရူးနိုင်ငံ၏ အဝေးပြေးလမ်းမ အန္တရာယ်ရှိသော အင်ဒီးစ်တောင်တန်းများကိုဖြတ်သန်းသွားသည့် ပီရူးနိုင်ငံ၏ အဝေးပြေးလမ်းမများတွင် မတော်တဆမှုများ ဆိုးဆိုးရွားရွား မကြာခဏ ဖြစ်ပွားလေ့ ရှိသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို