ပီရူးနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု များလာတဲ့အတွက် နိုင်ငံကို အသွားအလာကန့်သတ်မယ်

၂၇ ဇန်နဝါရီ

 

ပီရူးနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု များလာတဲ့အတွက် နိုင်ငံလူဦးရေရဲ့ တစ်ဝက်နေထိုင်ရာဒေသတွေမှာ သီတင်းနှစ်ပတ် အသွားအလာကန့်သတ် (lockdown) ပြဋ္ဌာန်းမယ်လို့ ယာယီသမ္မတက အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။

 

မြို့တော် လီမာ အပါအဝင် ဗိုင်းရပ်စ်ပိုးကူးစက်မှု များနေတဲ့ နေရာတွေမှာ နေထိုင်သူ ၁၆ ဒသမ ၄ သန်းဟာ အသွားလာကန့်သတ်မှုအောက်မှာ နေထိုင်ရမှာဖြစ်ကြောင်း၊ lockdown ကာလဟာ ဇန်နဝါရီ ၃၁ ရက်ကနေ ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိဖြစ်ကြောင်း၊ ဘဏ်တွေ၊ ဈေးတွေနဲ့ ဆေးဆိုင်တွေ အရေးကြီးလုပ်ငန်းတွေကို ဆက်လက်ဖွင့်ထားမှာ ဖြစ်ပေမယ့် ဘုရားကျောင်းတွေအား ပိတ်ထားမှာမယ်လို့ သိရပါတယ်။

 

လူဦးရေ ၃၂ သန်းနေထိုင်တဲ့ ပီရူးနိုင်ငံမှာ အရေးပေါ်ကုသနိုင်တဲ့ ခုတင် ၅၀၀ သာရှိတဲ့အတွက် နိုင်ငံရဲ့ ကျန်းမာရေးစနစ်ကို ကပ်ရောဂါပိုးက ဝန်ထုတ်ဝန်ပိုး ဖြစ်လာနေတာကို တွေ့ရပါတယ်။

 

ပီရူးမှာ နေ့စဉ် ပိုးတွေ့နှုန်းဟာ ၁၀၀၀ ဦးကနေ ၅၀၀၀ အထိ တိုးလာတာပြီး သေဆုံးသူနှုန်းဟာလည်း ၄၀ ဦး ၁၀၀ အထိ တိုးလာတတာကို တွေ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူဟာ ၄၀,၁၀၇ ဦးရှိသွားကြောင်း အစိုးရထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

MDN

ကိုးကား - AFP