ပီရူးနဲ့ ချီလီနိုင်ငံတွေမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ သိသိသာသာများပြား

လီမာ ၁ ဇွန်

ပီရူးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ၂၄ နာရီအတွင်း တွေ့ရှိသူ ၈,၀၀၀ ရှိကြောင်း၊ လက်တင်အမေရိက နိုင်ငံတွေထဲ ဘရာဇီးနိုင်ငံပြီးရင် ပီရူးနိုင်ငံဟာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ဒုတိယအများဆုံး ဖြစ်ကြောင်း သိရပါတယ်။

 

စုစုပေါင်း သေဆုံးသူ ၄,၅၀၆ ဦးရှိရာ သေဆုံးမှုမှာလည်း လက်တင်အမေရိကနိုင်ငံတွေထဲမှာ ဘရာဇီးနဲ့ မက္ကဆီကို နိုင်ငံတွေ ပြီးရင် တတိယအများဆုံးနိုင်ငံဖြစ်တာကို တွေ့ရပါတယ်။

 

ပီရူးနိုင်ငံမှာ တစ်လကြာ အသွားအလာပိတ်ဆို့ ထားခဲ့ခြင်း၊ ညမထွက်ရ အမိန့် ထုတ်ထားခြင်းနဲ့ နိုင်ငံတကာဝင်ပေါက်တွေပါ ပိတ်ထားခဲ့ပေမယ့် ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ပမာဏဟာ သိသိသာသာ များပြားလာတာ ဖြစ်ပါတယ်။

 

နိုင်ငံရဲ့ လူဦး‌ရေ သုံးပုံတစ်ပုံနေထိုင်တဲ့ မြို့တော်လီမာ တစ်ဝိုက်မှာ ဗိုင်းရပ်စ်ပိုး သိသိသာသာ များနေတဲ့အတွက် ပီရူးနိုင်ငံရဲ့ စီးပွားရေးနဲ့ ကျန်းမာရေးစနစ်ကို အကြီးကျယ် ထိခိုက်မှု ရှိနေပါတယ်။

 

နိုင်ငံမှာ အသွားအလာ ကန့်သတ်ပိတ်ဆို့လိုက်ပြီးတဲ့နောက်ပိုင်း ပီရူး ၁၀ ယောက်မှာ ၄ ယောက်ရဲ့ ဝင်ငွေ လုပ်ငန်းတွေဆုံးရှုံးကြောင်း လေ့လာတွေ့ရှိချက်တစ်ခုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ မှ ပီရူးနိုင်ငံအား အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကို ချေးငှားခဲ့ကြောင်း သိရပါတယ်။

 

စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတဲ့ ချီလီနိုင်ငံ

ပီးရူးရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ချီလီနိုင်ငံမှာ ၂၄ နာရီအတွင် သေဆုံးသူ ၅၇ ဦး ရှိရာ သေဆုံးသူ စုစုပေါင်း ၁,၀၅၄ ဦးရှိသွားကြောင်း သိရပါတယ်။

 

ချီလီ ကျန်းမာရေးဒုဝန်ကြီးက နှစ်ပေါင်း တစ်ရာအတွင်းမှာ အကြီးအကျယ်ဆုံးစိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရကြောင်း၊ မြို့တော် ဆန်တီရာဂိုမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၈၀ ရာခိုင်နှုန်းတွေ့ရှိရာ အဲဒီထဲမှ ၉၆ ရာခိုင်နှုန်းဟာ အရေးပေါ် အခန်းတွေမှာ ရောက်နေကြောင်း၊ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ကစပြီး ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အရေအတွက် သိသိသာသာ များလာကြောင်း ပြောပါတယ်။

မေလဆန်းက သမ္မတက ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အများဆုံးဖြစ်လာတဲ့အတွက် ပြဋ္ဌာန်းထားတဲ့ တားမြစ် ချက်တွေကို ရုပ်သိမ်းနိုင်ကြောင်း ပြောခဲ့ပါတယ်။

MDN

ကိုးကား - AFP