ပီအက်စ်ဂျီအသင်းနည်းပြအဖြစ်မှ နည်းပြ ပိုချက်တီနို နုတ်ထွက်

ပြင်သစ်ပထမတန်းကလပ် ပီအက်စ်ဂျီအသင်းဟာ နည်းပြပိုချက်တီနိုအနေနဲ့ အသင်းရဲ့ နည်းပြ တာဝန်ကို ၁၈ လကြာ တာဝန်ယူကိုင်တွယ်ခဲ့ပြီး နောက်နည်းပြအဖြစ်ကနေ နုတ်ထွက်သွားခဲ့ပြီ ဖြစ်တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှသာ အတည်ပြုနိုင်ခဲ့ အသက် ၅၀ အရွယ်ရှိ နည်းပြပိုချက်တီနိုဟာ တစ်လနီးပါးကြာ ကတည်းက ပီအက်စ်ဂျီအသင်းနည်းပြအဖြစ်ကနေ နုတ်ထွက်သွားလိမ့်မယ်လို့ ပီအက်စ်ဂျီအသင်းက မျှော်လင့်ထားခဲ့ပေမယ့် လက်ရှိအချိန်မှသာ အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။

နည်းပြပိုချက်တီနို ပီအက်စ်ဂျီအသင်းနည်းပြအဖြစ်ကနေ နုတ်ထွက်သွားခဲ့ပြီးနောက် လစ်လပ်သွားတဲ့ နည်းပြနေရာကို နိုက်စ်အသင်းနည်းပြဟောင်း ခရစ္စတိုဖီဂါလ်တီယာနဲ့ အစားထိုးသွားဖို့ရှိနေတယ်လို့ သိရပါတယ်။

နည်းပြပိုချက်တီနိုဟာ ၂၀၁၉ ခုနှစ်အတွင်းမှာ စပါးအသင်းကို ချန်ပီယံလိဂ်နောက်ဆုံးဗိုလ်လုပွဲ ရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ စပါးအသင်းနည်းပြအဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

နည်းပြပိုချက်တီနိုဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာ ပီအက်စ်ဂျီအသင်း နည်းပြအဖြစ် စတင်တာဝန်ယူခဲ့ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်းက ပီအက်စ်ဂျီအသင်းအတွက် ပြင်သစ်ပထမတန်းဖလားကို ရယူပေး နိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ၁၆ သင်းအဆင့်ကနေ ထွက်ခဲ့ရတာ ဖြစ်ပါတယ်။

ငွေကြယ်