ပီအက်စ်ဂျီအမျိုးသမီးအသင်း အမျိုးသမီးချန်ပီယံလိဂ်ဆီမီးဖိုင်နယ် တက်လှမ်း

ပီအက်စ်ဂျီအမျိုးသမီးအသင်းနဲ့ ဘိုင်ယန်မြူးနစ် အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အမျိုးသမီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ ပီအက်စ်ဂျီအသင်းက ဘိုင်ယန်မြူးနစ်အသင်းကို နှစ်ကျော့ပေါင်းရလဒ် လေးဂိုး-သုံးဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။

မတ် ၃၀ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပီအက်စ်ဂျီအမျိုးသမီးအသင်းနဲ့ ဘိုင်ယန်မြူးနစ် အမျိုးသမီး အသင်းတို့ရဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ် ခဲ့ပေမယ့် ပထမအကျော့မှာ ပီအက်စ်ဂျီအမျိုးသမီးအသင်းက နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိထား တာကြောင့် ပီအက်စ်ဂျီအမျိုးသမီးအသင်းဟာ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအမျိုးသမီးအသင်းဟာ အမျိုးသမီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ လိုင်ယွန်အသင်း ဒါမှမဟုတ် ဂျူဗင်တပ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

အခြားသော ကွာတားဖိုင်နယ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဘာစီလိုနာအမျိုးသမီးအသင်းနဲ့ ရီးယဲလ်မက်ဒရစ် အမျိုးသမီးအသင်းတို့ပွဲစဉ်မှာ ဘာစီလိုနာအသင်းက နှစ်ကျော့ပေါင်းရလဒ် ရှစ်ဂိုး-သုံးဂိုးနဲ့ အနိုင်ရရှိပြီး အမျိုးသမီးချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပါတယ်။

လက်ရှိအမျိုးသမီးချန်ပီယံလိဂ် ချန်ပီယံအသင်းဖြစ်တဲ့ ဘာစီလိုနာအမျိုးသမီးအသင်းဟာ ဆီမီးဖိုင်နယ် အဆင့်မှာ အာဆင်နယ်အသင်း ဒါမှမဟုတ် ဝုလ်ဖ်ဘတ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါ တယ်။

ငွေကြယ်