ပီအက်စ်ဗွီအသင်းနည်းပြဖြစ်လာတော့မယ့် နစ္စတယ်ရွိုင်း

မန်ယူအသင်းတိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းဟာ လာမယ့် နွေရာသီကာလအတွင်းမှာ ပီအက်စ်ဗွီ အသင်းနည်းပြဖြစ်လာတော့မှာဖြစ်ပါတယ်။

အသက် ၄၅ နှစ်အရွယ်ရှိ နစ္စတယ်ရွိုင်းကို နည်းပြ ရိုဂျာရှမစ်ရဲ့ နေရာမှာ အစားထိုးခန့်အပ်မှာဖြစ်ပြီး ရိုဂျာရှမစ်ဟာ လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးမယ့် အခုဘောလုံး ရာသီကုန်မှာ ပီအက်စ်ဗွီအသင်း ကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

နစ္စတယ်ရွိုင်းဟာ ၁၉၉၁ ခုနှစ်ကနေ ၂၀၀၁ ခုနှစ် အထိကာလအတွင်း ပီအက်စ်ဗွီအသင်းမှာ ၆၇ ပွဲ ပါဝင်ကစားခဲ့ရာ ၆၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် မန်ယူအသင်းမှာ ငါးနှစ်ကြာ ဖြတ်သန်းခဲ့ပြီး မန်ယူအသင်းနဲ့အတူ ပရီမီယာလိဂ်ဖလားတစ်ကြိမ် ရယူနိုင်ခဲ့တာ ဖြစ်ပါ တယ်။

ဒါ့အပြင် နစ္စတယ်ရွိုင်းဟာ မန်ယူအသင်းနဲ့အတူ အက်ဖ်အေဖလားတစ်ကြိမ်နဲ့ လိဂ်ဖလားတစ်ကြိမ် တို့ကို ရယူနိုင်ခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ခဲ့ကာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် စပိန်လာလီဂါ ဆုဖလားနှစ်ကြိမ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

နစ္စတယ်ရွိုင်းဟာ ၂၀၁၂ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူပြီး နယ်သာလန် အမျိုးသား လက်ရွေးစင်အသင်းရဲ့ လက်ထောက်နည်းပြတာဝန်နဲ့ ပီအက်စ်ဗွီလူငယ်အသင်းနည်းပြတာဝန်တွေကို ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိမှာလည်း ပီအက်စ်ဗွီအသင်းက နစ္စတယ်ရွိုင်းကို နည်းပြ အဖြစ်ခန့်အပ်ဖို့ သဘောတူညီထားပြီဖြစ်ပါတယ်။

ငွေကြယ်