ဖယောင်းတိုင်မီးမှတစ်ဆင့် အိပ်ရာမီးလောင်ကာ လူတစ်ဦးသေဆုံးမှုဖြစ်ပွား

ကလော  ၁   ဇွန်  

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် အမှတ်(၃)ရပ်ကွက် ရွာသစ်၌ ဇွန် ၁ ရက် နံနက်ပိုင်းက  မီးလောင်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ အိမ်ရှင်ဦးဝင်းဖေ၏ နေအိမ် ၂ ထပ် သွပ်မိုး အုပ်ကာ ပျဉ်ခင်း (၂၇×၂၅)ပေခန့် နေအိမ်၌ တစ်ဦးတည်းရှိနေပြီး နေအိမ်အပါ်ထပ်ရှိ ၎င်း၏ အိပ်ခန်းအတွင်း ဖယောင်းတိုင်မီးထွန်းကာ အိပ်ပျော်သွားခဲ့ပြီး ဖယောင်းတိုင်မီးမှတစ်ဆင့် အိပ်ရာအိပ်ခင်းမွေ့ယာအား မီးစွဲကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

ဦးဝင်းဖေမှာ အောက်ပိုင်းလေဖြတ်ထားသဖြင့် မီးလောင်ဒဏ်ရာများရရှိသေဆုံးခဲ့ပြီး  မီးလောင်မှုဖြစ်စဉ်အား  ဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

 

MDN