ဖူဆယ်လိဂ်တွင် VUC နှင့် MIU အသင်း ၁၀ ပွဲဆက် အနိုင်ရ

၂၈ ဒီဇင်ဘာ

 

၂၀၁၉-၂၀၂၀ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၀) ကို ယနေ့နံနက်ပိုင်းမှစ၍ အမျိုးသား အားကစားပြိုင်ပွဲရုံ-၂ လှိုင်၌ ဆက်လက်ကျင်းပရာ VUC အသင်းနှင့် MIU အသင်း ၁၀ ပွဲဆက် အနိုင်ရပြီး ထိပ်ဆုံး၌ အပြိုင်ဖြစ်နေသည်။

 

ပွဲစဉ် (၁၀) တွင် VUC အသင်းက Winner အသင်းကို ခုနစ်ဂိုးပြတ်၊ MIU အသင်းက GV အသင်းကို ငါးဂိုး-သုံးဂိုး၊ Do Do Ko Ko အသင်းက AMM Brothers အသင်းကို ခုနစ်ဂိုး-နှစ်ဂိုး၊ မြို့မ JY အသင်းက ဖူဆယ်ချစ်သူအသင်းကို ကိုးဂိုး-သုံးဂိုး၊ MFF ယူ-၁၉ အသင်းက လက်ဝဲသုန္ဒရအသင်းကို ကိုးဂိုး-တစ်ဂိုး၊ On Doctor အသင်းက Dream Team အသင်းကို ငါးဂိုး-နှစ်ဂိုး  ဖြင့် အနိုင်ရခဲ့သည်။ ပွဲစဉ် (၁၀) အပြီးတွင်  VUC အသင်းနှင့် MIU အသင်း ၁၀ ပွဲဆက် အနိုင်ရကာ ရမှတ် ၃၀ စီဖြင့် ထိပ်ဆုံးတွင် အပြိုင်ဖြစ်နေသည်။

 

ပထမအကျော့ပြီးဆုံးရန် တစ်ပွဲသာလိုတော့ပြီး နိုင်ပွဲဆက်နေသည့် VUC အသင်းနှင့် MIU အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေရာ ယင်းပွဲမှာ ရာသီဝက်ချန်ပီယံအတွက် အဆုံးအဖြတ်ဖြစ်လာမည်ဖြစ်သည်။ ပထမအကျော့ နောက်ဆုံးပွဲကို ဒီဇင်ဘာ ၃၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။

 

ရဲရင့်ရှိုင်း