ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၂၁)ကို မတ် ၁၃ ရက်တွင် ကျင်းပမည်

၁၁ မတ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပလျက်ရှိသည့် ၂၀၁၈-၂၀၁၉ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၂၁) ကို မတ် ၁၃ ရက်တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ဆက်လက်ကျင်းပမည် ဖြစ်သည်။

ပွဲစဉ် (၂၁) အဖြစ် နံနက် ၈ နာရီတွင် AMM အသင်းနှင့် UPT အသင်း၊ နံနက် ၉ နာရီခွဲတွင် MFF ယူ-၁၉ အသင်းနှင့် မြို့မ YTD အသင်း၊ နံနက် ၁၁ နာရီတွင် Comrade အသင်းနှင့် Titans XII အသင်း၊ မွန်းလွဲ ၁၂ နာရီခွဲတွင် PU အသင်းနှင့် VUC အသင်း၊ မွန်းလွဲ ၂ နာရီတွင် GV Athletic အသင်းနှင့် White Colour အသင်း၊ ညနေ ၃ နာရီခွဲတွင် MIC အသင်းနှင့် ရွှေမြဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲစဉ် (၂၀) အပြီးတွင် MIC အသင်းက ရမှတ် ၆၀၊ VUC အသင်းက ၅၇ မှတ်၊ GV Athletic အသင်းက ၄၂ မှတ်၊ မြို့မ YTD အသင်းက ၃၉ မှတ်၊ UPT အသင်းက ရမှတ် ၃၀၊ AMM အသင်းက ၂၇ မှတ်၊ ရွှေမြဝတီအသင်းက ၂၄ မှတ်၊ Comrade အသင်းက ၁၇ မှတ်၊ Titan XII အသင်းက ၁၆ မှတ်၊ MFF ယူ-၁၉ အသင်းက ၁၅ မှတ်၊ White Colour အသင်းက ၁၄ မှတ်၊ PU အသင်းက ၁၃ မှတ် ရရှိထားသည်။

ဖူဆယ်လိဂ်ပြိုင်ပွဲကို ပွဲစဉ် (၂၀) အပြီးတွင် ပြိုင်ပွဲကျင်းပသည့်အားကစားရုံ မအားလပ်သောကြောင့် မတ် ၂ ရက်အပြီးတွင် ရပ်နားထားခြင်းဖြစ်သည်။

ရဲရင့်ရှိုင်း