ဖြတ်ထုတ်ခြင်းနှင့် ဖြတ်ထုတ်ခြင်းမပါသော လေဆာကုထုံး နှစ်မျိုး၏ ကွဲပြားချက်

ရေးသားသူ Dr. Sandar Lin

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.

Skin resurfacing ဆိုတာကို သင် ကြားကောင်းကြားဖူးမှာပါ။ Skin resurfacingဆိုတာ လုပ်ဆောင်ချက်တူညီတဲ့ နည်းလမ်းပေါင်းစုံကို ခြုံငုံထားတဲ့ အခေါ်ဝေါ်တစ်ခုပါ။ Skin resurfacing မှာ အရေပြားအပေါ်ယံလွှာကိုခွာချပြီး အနာကျက်စေ/အသားတက်စေကာ ကျန်းမာကြံခိုင်တဲ့ အသားအရေ အသစ်တစ်ဖန်ဖြစ်လာအောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။

 

လူကြိုက်အများဆုံး နည်းလမ်းကတော့  လေဆာနှင့် Skin resurfacing ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။

 

Laser Skin resurfacing ကိုကြည့်မယ်ဆိုရင် Ablative လေဆာ နှင့် Non – ablative လေဆာဆိုပြီး (၂) မျိုး(၂) စားရှိပါတယ်။ (၂) မျိုးလုံးကို အသားအရေမညီညာခြင်း ဥပမာ ဝက်ခြံနှင့် အရေးကြောင်း များကို ကုသရမှာ အသုံးပြုနိုင်ပါတယ်။ ဒီ (၂) မျိုးမှာ မတူတဲ့ကွဲပြား ခြားနားမှုလေးတွေရှိပါတယ်။

 

        မတူညီတဲ့အရေပြားအလွှာတွေကို အကျိုးသက်ရောက်မှုရှိပါတယ်။

Ablative Laser ဟာပါးလွှာတဲ့ အရေပြားအလွှာကိုဖယ်ရှားဖို့ လေဆာရောင်ခြည်သေးများကို အသုံးပြုပါတယ်။ တိတိကျကျပြောရမယ်ဆိုရင် အရေပြားပထမအပြင်လွှာကို အငွေ့ပျံစေတာပါ။ အများအသုံးပြုတဲ့ Ablative Laserက တော့ Er: VAG (Erbium YAG) နှင့် Co2 ဖြစ်ပါတယ်။ Non- ablative Laser က အရေပြားအတွင်းပိုင်းကို သက်ရောက်မှုရှိပါတယ်။ အသုံးများတဲ့ Non-ablative Laser များဟာIntense Pulede Light (Ipl)၊ Visible light lasers နှင့် Near Infared Lasers ဖြစ်ပါတယ်။

 

မတူညီတဲ့နည်းလမ်းများရှိပါတယ်။ Ablative Laser မှာ အရေပြားပထမအလွှာကို ခွာချပြီး ခန္ဓာကိုယ်တွင်း အနာကျက်စေ၊ အသားမာတက်စေတဲ့ဖြစ်စဉ်ကို စတင်အားပေးတာဖြစ်ပါတယ်။ Non –ablative Laser မှာ အရေပြားအတွင်းပိ်ုင်းကို သက်ရောက်မှုရှိပြီး ၄င်းအောက်ရှိ သွေးကြောငယ် များကို ပျက်စီးစေပါတယ်။ သွေကြောများကို ပျက်စီးစေတဲ့အတွက် သဘာဝဖြစ်စဉ်အတိုင်း အရေပြား ကွာကျလာတာဖြစ်ပါတယ်။

 

Laser မှာအသုံးပြုတဲ့လှိုင်းအလျားများ မတူညီကြပါ။ Ablative Laser မှာ အရေပြားမျက်နှာုပြင်ကို လုပ်ဆောင်ရတဲ့အတွက် ကြိမ်နှုန်းမြင့်မားတဲ့အလျားကို အသုံးပြုရပါတယ်။ ဥပမာအားဖြင့် Co2 Laserဟာ လှိုင်းအလျား (၁၀,၆၀ဝ) (သို့) အရေပြားကို ဖောက်ထွက်နိုင်လောက်တဲ့ ပြင်းအားရှိရမည်။ သို့သော်လည်း အရေပြားအထူအပါးနှင့် အရေပြားအထူးကုများ အသုံးပြုသော စက်ပစ္စည်းများပေါ် မူတည်ပြီး Laser နှင့်ကု၍ရမရ ဆုံးဖြတ်ရတာတွေလည်းရှိပါတယ်။ အချို့စက်များမှာဆိုရင် ရလဒ်အပြည့်ရရှိဖို့ အမျိုးအစားမတူတဲ့ လှိုင်းအလျားကို ပေါင်းစပ်ထားတာလည်းရှိပါတယ်။

 

မတူညီတဲ့ ဘေးအန္တရာယ်တွေရှိပါတယ်။  Ablative Laser ဟာသင့်ဒူးကို အရေပြားပါးလာအောင် လုပ်သောနည်းနှင့် ဆင်တူတဲ့အတွက် ပိုမိုပြင်းထန်တဲ့ ဘေးအန္တရာယ်တွေ့ရှိနိုင်ပါတယ်။ Ablative Laserကြောင့် ဖြစ်နိုင်တဲ့ အများစုသော ဘေးအန္တရာယ်ကတော့ နီမြန်းခြင်း၊ ရောင်ရမ်းခြင်း၊ ရောဂါပိုးကူးစက်နိုင်ပြီး ဝက်ခြံများဖြစ်ခြင်း၊ အသားအရေအရောင်ပြောင်းခြင်းနှင့် အမာရွတ်ကျန်ခဲ့ခြင်း တို့ဖြစ်ပါတယ်။ Non-ablative Laser ကတော့ အနာဖြစ်စေတာမဟုတ်တဲ့အတွက် ဘေးအန္တာရာယ် ပိုမိုနည်းပါး ပါတယ်။

 

Non-ablative Laser ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ဘေးအန္တရာယ်အများစုကတော့ ရောဂါပိုး ကူးစက်ခြင်း၊ အသားအရေအရောင်ပြောင်းခြင်း၊ အနည်းငယ်မျှနီမြန်းခြင်း၊ ရောင်ရမ်းခြင်း၊ အရည်ကြည်ဖုထခြင်းနှင့် အမာရွတ်ကျန်ခဲဲ့ခြင်းတို့ဖြစ်ပါသည်။

 

ပြန်လည်ကောင်းမွန်တဲ့အချိန် ကွဲပြားမှုရှိပါတယ်။ Ablative Laser ဟာ အနာဖြစ်စေတဲ့အတွက် ပြန်လည်ကောင်းမွန်ဖိ်ု့ အချိန်ယူရပြီး ရောဂါပိုးမဝင်နိ်ုင်အောင်လည်း သတိထားရပါတယ်။ စစချင်းမှာ Laserအသုံးပြုထားတဲ့ အရေပြားနေရာမှာ နီမြန်းရောင်ရမ်းနိုင်ပါတယ်။

 

သို့သော် လည်း  ပြန်လည်ကောင်းမွန်လာတဲ့အခါမှာ ကျန်းမာကြံခိုင်တဲ့ အသားအရေကို ရရှိမှာ ဖြစ်ပါတယ်။ Non-ablative Laser မှာတော့ အရေပြား ခွာချတာမျိုးမရှိပါ။ ဒါကြောင့် သဘာဝအတိုင်း အရေပြားဟာ သူဘာသာသူကွာကျလာမှာ ဖြစ်ပါတယ်။ အရေပြားဆဲလ်အသေများက ချွေးပေါက်များ ကို ပိတ်ပြီး ရောဂါပိုးမဝင်အောင် မိမိမျက်နှာကို သန့်ရှင်းစင်ကြယ်စွာထားဖို့လိုအပ်ပါသည်။

 

သင်နှင့်သင့်လျော်အပ်စပ်တဲ့ ကုသမှုကိုခံယူရန်အတွက် သင့်ရဲ့ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လုပ်ငန်းဆောင်တာများ ပြင်ဆင်ပုံပြင်ဆင်နည်းနှင့် ကုသမှုခံယူပြီး အသားအရေ ထိန်းသိမ်း စောင့်ရှောက်မှု နည်းလမ်းများကိုပါ သင့်ဆရာဝန်ကညွှန်ကြား ပြသပေးမှာဖြစ်ပါတယ်။

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်"