ဖွံ့ဖြိုးဝေစည်  နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ  ဒေသဆီ

ဆောင်းပါး -  ဒေါက်တာ တင်မာမာဦး

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်တွင် တည်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး၏ တစ်ခုတည်းသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသလည်း ဖြစ်ပါသည်။  နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လဟယ်မြို့နယ်၊ လေရှီးမြို့နယ်၊ နန်းယွန်းမြို့နယ်နှင့် ထန်ပါခွေ၊ ဆွမ္မရာ၊ ပန်ဆောင်၊ ဒုံဟီးမြို့များပါဝင်ပြီး ကျေးရွာအုပ်စု ၁၁၆ အုပ်စု ကျေးရွာပေါင်း ၂၆၆ ရွာတို့ဖြင့် လူဦးရေ ၁၃၇၈၆၁ ဦး နေထိုင်လျက်ရှိသည်။ 

နာဂဒေသသည် တောင်ကုန်းတောင်တန်းများ ထူထပ်ပေါများကာ   မြေပြန့်ဒေသ    နည်းပါးပြီး လမ်းပန်းဆက်သွယ်ရေး   ခက်ခဲကာ   ဒေသခံများ အနေဖြင့်လည်း   တောင်ယာစိုက်ပျိုးရေးလုပ်ငန်း ကိုသာ  အဓိက စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင် ခဲ့ကြသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသ များအနက် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးခဲ့သော ဒေသ ဖြစ်ခဲ့ရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ လမ်းညွှန်ချက်အရ ပြည်ထောင်စုဝန်ကြီးဌာန များနှင့်  တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍  နာဂဒေသ  ဖွံ့ဖြိုးတိုးတက်ရေးအတွက်   ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ 


အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိ


နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ် ဒေသ တည်ငြိမ်အေးချမ်းရေး၊   နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်စပ်ဒေသတွင် နေထိုင် သော ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးနှင့်  နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ်   ဖွံ့ဖြိုးစေရေးဟူသော မူဝါဒ (၄) ရပ်နှင့်အညီ   အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။


နိုင်ငံနှင့်အဝန်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သော လမ်းပန်း ဆက်သွယ်ရေးလုပ်ငန်းနှင့် ဘက်စုံ ကဏ္ဍစုံ ဖွံ့ဖြိုး တိုးတက်ရေးအတွက်   လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးများကိုလည်း တစ်နိုင်ငံလုံးအကြား အလပ်မရှိ  စနစ်တကျအစီအမံများ    ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ  “အကြောင်းအမျိုးမျိုးကြောင့်   ဖွံ့ဖြိုးမှုနောက်ကျ ကျန်ခဲ့ရသည့်  နယ်စပ်ဒေသနှင့်   တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပြည်နယ်ပြည်မ အကြားအလပ်မရှိစေရေး   အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေးရန်” ရည်မှန်းချက်ကိုလည်း ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။


အဆောက်အအုံများအဆင့်မြှင့်တင်ပေးလျက်ရှိ


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်   တိုင်း ဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်ရေး   ခက်ခဲ ပြီး ဒေသဖွံ့ဖြိုးမှုနည်းပါးသည့် နာဂကိုယ်ပိုင်အုပ်ချုပ်  ခွင့်ရဒေသရှိ   ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးလာစေရေးအတွက် အခြေခံ အဆောက်အအုံများဖြစ်သည့် လမ်းသစ်များ ဖောက် လုပ်ခြင်း၊ တံတားများ  တည်ဆောက်ပေးခြင်းနှင့် တည်ဆောက်ပြီး လမ်း၊  တံတားများကို  အဆင့် မြှင့်တင်ပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိသည်။


အထက်ချင်းတွင်းဒေသ   ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသည့် ချင်းတွင်းမြစ်ကူး တံတား ကြီးများဖြစ်သော  ချင်းတွင်းတံတား   (ကလေးဝ)၊ ချင်းတွင်းတံတား( ဟုမ္မလင်း) နှင့် ချင်းတွင်းတံတား (ခန္တီး) တို့ကို  အချိန်တိုအတွင်းပြီးစီးအောင် တည် ဆောက်ပေးခဲ့ပြီး ယခုလက်ရှိတွင်လည်း ချင်းတွင်း တံတား  ( ထမံသီ) ကို  တည်ဆောက်ပေးလျက်ရှိရာ  အဆိုပါ တံတားပြီးစီးသွားပါက ချင်းတွင်းမြစ်အရှေ့ ဘက်ကမ်းရှိ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်မြို့များနှင့် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိ လေရှီး၊ ဆွမ္မရာ ဒေသမှ ဒေသခံပြည်သူများ ခရီးသွားလာမှု မြန်ဆန် ကောင်းမွန်ပြီး   မိမိသွားလိုသည့်   ဒေသများသို့ အချိန်တိုအတွင်း ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် လွယ်လင့်တကူ  သွားလာနိုင်တော့မည်ဖြစ်သည်။


နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဝင်ပေါက် ဖြစ်သည့်  ခန္တီးမြို့နယ် ခန္တီး- ဆင်သေ - လဟယ် လမ်းပေါ်ရှိ  တံတားအရှည် ၃၃၀ ဒသမ ၄၅ ပေ၊ တံတားအကျယ် ၃၀ ဒသမ ၅ ပေ၊ တံတားကင်းလွတ် အမြင့် ၃ ပေ၊ တံတားခံနိုင်ဝန် တန်  ၆၀  ရှိသည့်  နန့်စလိမ်ချောင်းတံတားကိုလည်း    ၂၀၂၂  ခုနှစ်  ဇူလိုင်   ၂  ရက်တွင်     နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သည်။ 


နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို   ၁၉၉၄-၁၉၉၅  ခုနှစ် ဘဏ္ဍာနှစ်မှ စတင်၍ ဒေသအကျယ်အဝန်း ၅၁၆၈ ဒသမ ၁၉၉  စတုရန်းမိုင်အတွင်း   ဖြန့်ကြက်၍ အကောင်အထည်ဖော်     ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်မှ စတင်၍     နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်  ပြည်ထောင်စုရန်ပုံငွေကျပ်   ၅၆၈၃   ဒသမ  ၃၀၁ သန်းနှင့် တိုင်းဒေသကြီးရန်ပုံငွေကျပ် ၇၈၇၄ ဒသမ ၈၇ သန်း စုစုပေါင်းကျပ် ၁၃၅၅၈ ဒသမ ၁၇၁ သန်း ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင်   အိန္ဒိယ သမ္မတနိုင်ငံ   အကူအညီဖြင့်လည်း   လမ်းတံတား ဖောက်လုပ်တည်ဆောက်ခြင်း၊  စာသင်ကျောင်းများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲများ ဆောက်လုပ်ခြင်း စသည့်  လုပ်ငန်းပေါင်း  ၈၉ ခု အတွက် ထောက်ပံ့ငွေ ကျပ် ၁၄၅၆၆ ဒသမ ၇၄၂ သန်းဖြင့်  အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိသည်။ 


အကောင်အထည်ဖော်  


လေရှီးမြို့နယ်၊  လဟယ်မြို့နယ်၊   နန်းယွန်း မြို့နယ်များတွင်     နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုရန်ပုံငွေနှင့်  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တိုင်းဒေသကြီးရန်ပုံငွေတို့ဖြင့် ဘဏ္ဍာ နှစ်အလိုက်  လမ်း/တံတားလုပ်ငန်း၊   ရေရရှိရေး လုပ်ငန်း၊ လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ သာသနာရေး လုပ်ငန်းနှင့် ငြိမ်းချမ်းရေးအတွက် တည်ဆောက်မှု လုပ်ငန်းများကို  အဓိကထား၍ တည်ဆောက်ပေး လျက်ရှိရာ လောင်ငေါက် - ထန်ပါခွေလမ်း၊ ထန်ပါ ခွေ -  တာမောင် -  မခွါလယ်လမ်း၊  ဟွေကွန် - စစ်ဖောင် - ကျွန်းခေါင်လမ်း ၊ ဆင်သေ - လဟယ်  (၄၉)မိုင် လမ်းခွဲမှ ဆွပ္ပလော်ရှောင် - ကုန်းလမ်း-  ထုံစံ -  ကျွန်းခေါင်လမ်း၊ ကုန်းလမ်း - ဟွေကွန်လမ်း၊ ဆင်သေ - လဟယ် - (၁၈) မိုင်လမ်းခွဲမှ ကုန်းခေါင်- ပါဆောင် - ပါရိုး - ထန်ပါခွေလမ်း - တိုက်ရံ - မော်ဖွန် - မွန်တုံးညို - ယမ်းကြုံးလမ်း၊ တိုက်ရံ - ခမ္မလား - ထန်ခေါ်နောက်ကုန်း - ဟန်ဆင်လမ်း ၊ လဟယ် - ခါးလယ် - နန့်ဖုတ်ချောင်း - မကော်ရိန် လမ်း၊ လဟယ် - တိုက်ရံ - ပုံညို - ဝေလံလမ်း၊ လန်ထိန်လမ်းခွဲ - တွေးထွေနောက်ကျော - လောင်ဂီ - ယမ်းကြုံး- ဂမ်းညရွာဟောင်း- လုံဝသိင်္ခလမ်း၊ လဟယ် - ဟွေထိုက်  -  ပုံညိုနောက်အင်းလမ်း၊ လဟယ် - ဒုံဟီးလမ်းနှင့် လဟယ် - လေရှီးမြို့နယ် ချင်းဆက်လမ်းပေါ်ရှိ ပါတွန် - စိန်ကြာညု - စိန်လာ- ဆားလင်လမ်းများ၊ နန်းယွန်း - ပန်ဆောင်လမ်း၊   ပန်ဆောင်မြို့- နောင်ယန်းအင်းပတ်လမ်းများကို ဖောက်လုပ်ပေးခြင်း၊  ပန်ဆောင်မြို့၏ သောက်သုံး ရေရရှိရေးလုပ်ငန်းများ    ဆောင်ရွက်ပေးခြင်း၊ ကွန်ကရစ်တံတားများ၊ ဘေလီတံတားများကို  ဆောက်လုပ်ပေးခြင်း၊  စိုက်ပျိုးရေသွယ်တန်းခြင်း၊ ဒေသခံများ၏  ပညာရေးနှင့်   ကျန်းမာရေးကဏ္ဍ တိုးတက်စေရေးအတွက်   စာသင်ကျောင်းများ၊ ဝန်ထမ်းနေအိမ်များနှင့် ကျန်းမာရေးဆေးပေးခန်း များ  တည်ဆောက်ခြင်း   စသည့်လုပ်ငန်းများကို လည်း  အကောင်အထည်ဖော်   ဆောင်ရွက်နိုင်ခဲ့ သည်။ 


နာဂလူမျိုးများ အထွတ်အမြတ်ထား  ကျင်းပ သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၅ ရက်  နာဂရိုးရာ နှစ်သစ်ကူးပွဲတော်သို့  တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်   တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ ကိုယ်တိုင်တက်ရောက် အားပေးချီးမြှင့်ခဲ့ကြပြီး နာဂဒေသကို ဘက်စုံ၊ ကဏ္ဍ စုံမှ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ထောက်ပံ့မှုများ  ဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ  ငွေကျပ် ၁၃၂၃ ဒသမ ၀၂၇ သန်း တန်ဖိုးရှိ ဆန်အိတ်၊ သွပ်၊ ဆိုလာမီး၊  စောင်နှင့် ကျောင်းသုံး ဗလာစာအုပ်များ၊  ကျောင်းဝတ်စုံများ ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့  ဝန်ကြီးချုပ်၏ ၂၀၂၂ ခုနှစ် ဇန်နဝါရီ  ၁၆ ရက်နေ့ နန်းယွန်းမြို့သို့  ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို သွားရောက်စစ်ဆေးခဲ့သည့် ခရီးစဉ်တွင်  ဒေသခံများအတွက် အခြေခံစားသောက်ကုန်ဖြစ် သည့်  ဆန်အိတ် ၅၀၀ နှင့်  တစ်အိမ်သုံးဆိုလာ အစုံ ၂၀၀ ကိုလည်းကောင်း၊  နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပေးအပ်သည့် ဆန်အိတ်  ၈၅၀ ကိုလည်းကောင်း  ထောက်ပံ့ပေးအပ်ခဲ့ပြီး   နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်း နောင်၏  ၂၀၂၂ ခုနှစ် ဇွန် ၂၉ ရက်  နာဂဒေသ ဖွံ့ဖြိုးရေးခရီးစဉ်တွင်လည်း   ဆန်အိတ်   ၁၀၀၊ တစ်အိမ်သုံးဆိုလာ အစုံ ၁၀၀၊ ကျောင်းသုံးဗလာ စာအုပ်ဒါဇင် ၃၀၀ နှင့် ကျောင်းဝတ်စုံ ၃၀၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။ 


လယ်ယာကဏ္ဍတိုးတက်


တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်  ဒေသခံ တောင်သူလယ်သမားများအတွက် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်အတွင်း လဟယ်မြို့နယ်တွင် အဆင့်မြင့် လယ်ယာမြေဧက ၃၀ နှင့် လှေခါးထစ်လယ်ယာမြေ   ၁၅  ဧက ကို ဖော်ထုတ်ပေးခဲ့သည့်အပြင် ယခုနှစ် တွင်   လဟယ်မြို့   မျက်နှာစာအရှေ့ဘက်ခြမ်းရှိ တောင်ကုန်းများတွင် တောင်စောင်းစိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးရန် ၁၀ ဧကကို တိုးချဲ့ဖော်ဆောင် ပြီးဖြစ်၍  လဟယ်မြို့နယ်   တိုက်ရံကျေးရွာတွင်      ကုန်းမြင့် လယ်ယာ  ၃၀၀ ဧက ထပ်မံဖော်ထုတ်ပေး ရန် စီစဉ်ဆောင်ရွက်လျက်ရှိသကဲ့သို့ စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့်လည်း မျိုးစေ့များ၊ ပျိုးပင်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် နည်းပညာပေးလုပ်ငန်း များ ဆောင်ရွက်ခဲ့ခြင်းကြောင့် ဒေသ၏ လယ်ယာ ကဏ္ဍ သည်လည်း တိုးတက် လာပေဦးမည်ဖြစ်သည်။ 


ဒေသခံများအား   မွေးမြူရေးလုပ်ငန်းများ တွဲဖက်လုပ်ကိုင်နိုင်ရေးအတွက်   နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း နွားနောက်  ၅၀၁၇ ကောင်၊ ကျွဲ  ၇၁၁၂ ကောင်၊ နွား  ၉၆၉၂  ကောင်၊ ဆိတ် ၄၉၄၄ ကောင်၊ ဝက် ၅၁၅၉၇ ကောင်၊ ကြက် ၂၅၅၀၇၀ နှင့် ဘဲကောင်ရေ ၃၂၆၄၀ ကို  မွေးမြူ နိုင်ရေး ဆောင်ရွက်ထားသကဲ့သို့ မွေးမြူထားသည့် တိရစ္ဆာန်များကို မွေးမြူရေးနှင့်  ကုသရေးဦးစီး ဌာနမှ ကာကွယ်ဆေးများထိုးနှံပေးခြင်းနှင့် တိရစ္ဆာန် အစာအဖြစ် နေဗီယာမြက်များ  စမ်းသပ်စိုက်ပျိုးပေး ခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။


စီးပွားရေးဖွံ့ဖြိုးတိုးတက်လာ


နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ   ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေးကို  အရှိန်မြှင့်ဆောင်ရွက် ပေးမှုကြောင့် သွားလာဆက်သွယ်ရေး လွယ်ကူသွား သည့်အတွက် နာဂသွေးချင်းများ၏ အဓိက အလုပ် အကိုင်အသက်မွေးဝမ်းကျောင်းဖြစ်သည့်  စိုက်ပျိုး မွေးမြူရေးကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် နိုင်တော့မည်ဖြစ်သကဲ့သို့ ထွက်ရှိလာသည့် စိုက်ပျိုး ရေးနှင့် မွေးမြူရေးထွက်ကုန်များကိုလည်း လေရှီး-လဟယ်- ခန္တီးလမ်းမှတစ်ဆင့် မြေပြန့်ဒေသများသို့ အလွယ်တကူ တင်ပို့ရောင်းချနိုင်ခြင်းဖြင့် စီးပွားရေး ကွင်းဆက်   ဖွံ့ဖြိုးတိုးတက်လာမည်   ဖြစ်ပါတော့ သည်။
နာဂဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင် ရွက်ပေးရန် လိုအပ်လျက်ရှိသည့်  ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့က ဘက်ပေါင်းစုံမှ စဉ်ဆက်မပြတ် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ   နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအနေဖြင့်  ရာသီမရွေး၊ အချိန်အခါ မရွေး သွားလာရေးလွယ်ကူကာ ဒေသကုန်စည်စီးဆင်းမှု များ  မြန်ဆန်ပြီး  မြေပြန့်ဒေသများနည်းတူ ဖွံ့ဖြိုး တိုးတက်လာတော့မည်ဖြစ်ပါကြောင်း ရေးသားတင်ပြ အပ်ပါသည်။     ။