ဖင်လန်နိ်ုင်ငံက ကမ္ဘာမှာ နေလို့ပျော်စရာအကောင်းဆုံးနိုင်ငံဖြစ်ပြီး တောင်-ဆူဒန် ကတော့ ဆန့်ကျင်ဘက်မှာ ရပ်တည်နေကြောင်း ကုလသမဂ္ဂ ထုတ်ပြန်

၂၂ မတ်

 

ကမ္ဘာပေါ်မှာ ဖင်လန်နိ်ုင်ငံဟာ နေလို့ ပျော်စရာအကောင်းဆုံးနိုင်ငံအဖြစ် နှစ်နှစ်ဆက်တိုက် ရရှိနေချိန်မှာ စစ်ပွဲကြောင့်ကွဲပြားနေတဲ့ တောင်-ဆူဒန် ကတော့ နေလို့ မကောင်းဆုံးနိုင်ငံအဖြစ် အောက်ဆုံးမှာရှိနေပြီး  မြန်မာနိုင်ငံက အဆင့် ၁၃၁ မှာ ရပ်နေကြောင်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ 

 

ဒီထုတ်ပြန်ချက်မှာ နိုင်ငံပေါင်း ၁၅၆ နိုင်ငံက နိုင်ငံသားတွေရဲ့ လူ့သက်တမ်း၊ ဝင်ငွေနဲ့ လူမှုရေးထောက်ပံ့မှုတွေ ကို အခြေခံပြီး အဲဒီနိုင်ငံသားတွေ ကိုယ်တိုင်က ပျော်ရွှင်နေသလားဆိုတဲ့ အကြောင်းအရာပေါ် လေ့လာထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။ 

 

mdn

 

နော့ဒစ်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဖင်လန်နိုင်ငံဟာ လူဦးရေ ၅.၅ သန်းရှိပြီး ဖင်လန်နိုင်ငံသာသားတွေဟာ သစ်ပင်သစ်တောတွေနဲ့ ရေကန်တွေကို  ချစ်တတ်တဲ့ လူတွေအဖြစ် လူသိများပါတယ်။ တခြား နော့ဒစ်နိုင်ငံတွေ ဖြစ်တဲ့ နယ်သာလန်၊ ဆွစ်ဇာလန်၊ ကနေဒါ၊ နယူးဇီလန် နဲ့ သြစတြေးလျးနိုင်ငံတွေဟာလည်း ပထမ ၁၀ နိုင်ငံ စာရင်းမှာ ပါဝင်တာကို တွေ့ရပါတယ်။ 

 

ဗြိတိန်နိုင်ငံသားတွေမှာ ဘရစ်ဇစ်နဲ့ စိတ်ရှုပ်နေရပေမယ့် မနှစ်ကထက် ၄ ခုတက်လာပြီး အဆင့် ၁၅ မှာ ရပ်တည်နိုင်ပေမယ့် အမေရိကန်နိုင်ငံကတော့ မနှစ်ကထက် ၁ ခုလျောကျပြီး အဆင့် ၁၉ မှာ ရပ်တည်နေကြောင်း တွေ့ရပါတယ်။ 

 

အိန္ဒိယနိုင်ငံကတော့ အခုနှစ်ပိုင်းမှာ အဆင့် ဆက်တိုက် လျော့ကျနေတာကို တွေ့ရပြီး အခုနှစ်မှာ အဆင့် ၁၄၀ မှာ ရှိနေပါတယ်။ 

 

ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်ဖို့အတွက် ၂၀ဝ၅ ခုနှစ်ကစပြီး နိုင်ငံတွေက သူ့နိုင်ငံသားတွေ ပျော်ရွှင်အောင် ဘယ်လို လုပ်ဆောင်ပေးနေလဲဆိုတာ လေ့လာခဲ့ကြောင်းနဲ့ ထုတ်ပြန်ချက်ကို နိုင်ငံတကာ ပျော်ရွှင်စရာကောင်းသောနေ့ မတ်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။  

 

MDN
ကိုးကား - AFP