ဖလမ်းမြို့ မြို့ပြတိုးချဲ့စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ဖလမ်း ၂၇ ဇွန်    

 

ဖလမ်းမြို့ မြို့ပြတိုးချဲ့စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ဖလမ်းမြို့ မြို့ပြတိုးချဲ့စီမံကိန်းကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ဖလမ်းမြို့ တောင်ဇလပ်ရိပ်သာခန်းမ၌ ပြုလုပ်သည်။

 

အစည်းအဝေးတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က အမှာစကားပြောကြားကာ မြို့ပြတိုးချဲ့စီမံကိန်းနှင့် ပတ်သက်ပြီး ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါလ်၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ်အစိုးရ အတွင်းရေးမှူး ဦးတိုးဝင်းတို့က အကြံပြုလမ်းညွှန် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ချင်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ငြိမ်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

 

ချင်းပြည်နယ် ဖလမ်းမြို့သည် မူလက ရပ်ကွက်(၄)ခုသာရှိပြီး ယခုအခါ ရပ်ကွက်(၄)ခု တိုးချဲ့ဖွဲ့စည်းကာ တိုးချဲ့ရပ်ကွက်များတွင် လမ်းအူကြောင်းသစ် ဖောက်လုပ်နိုင်ရေး၊ မြေကွက်များ ချထားနိုင်ရေး စီစဉ်ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

 

ခရိုင် (ပြန်/ဆက်)