ဖိလစ်ပိုင်သမ္မတ မားကို့စ် အင်ဒိုနီးရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် စတင်သွားရောက်

ဖိလစ်ပိုင်သမ္မတ မားကို့စ် အင်ဒိုနီးရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် စတင်သွားရောက်

 

မနီလာ စက်တင်ဘာ ၅

 

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် ရိုမီ ဒက်ဇ် မားကို့စ်သည် ဇွန် ၃၀ ရက်တွင် သမ္မတတာဝန်ထမ်းဆောင်ပြီးနောက် ၎င်း၏ ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် စက်တင် ဘာ ၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာခဲ့သည်။

 

ဖိလစ်ပိုင်သမ္မတ မားကို့စ် သည် အင်ဒိုနီးရှားနိုင်ငံသို့ နိုင်ငံ တော်ခရီးစဉ် သုံးရက်ကြာ သွားရောက်ပြီးလျှင် စင်ကာပူ နိုင်ငံသို့ စက်တင်ဘာ ၆ ရက်မှ ၇ ရက်အထိ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ၎င်း၏ နိုင်ငံတော်ခရီးစဉ်သည် အိမ်နီးချင်း အာဆီယံ (အရှေ့တောင်အာရှ နိုင်ငံများအသင်း) ၏ တက်ကြွသောကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေး အလားအလာများကို အသုံးချရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဂျကာတာမြို့သို့ မထွက်ခွာမီ မားကို့စ်က အတိုချုပ် ပြောကြားသည်။

 

ဂျကာတာမြို့တွင် ဖိလစ်ပိုင် နှင့် အင်ဒိုနီးရှား နှစ်နိုင်ငံဆက်ဆံရေးကြား လက်ရှိအခြေအနေနှင့် အနာဂတ်တွင် မြင်တွေ့နိုင်သလို ကမ္ဘာလုံးဆိုင်ရာ ပထဝီနိုင်ငံရေးနှင့်ဆိုင်သည့် ပတ်ဝန်းကျင် ပြောင်းလဲမှုကို အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒိုနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင် သမ္မတ မားကို့စ်က ပြောကြားသည်။

 

အင်ဒိုနီးရှားနိုင်ငံနှင့် စင်ကာပူ နိုင်ငံသို့၎င်း၏ နိုင်ငံတော်ခရီးစဉ်အတွင်း စီးပွားရေးဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုးရန် မျှော်လင့်ကြောင်း ဖိလစ်ပိုင်သမ္မတ မားကို့စ်က ပြောကြားသည်။

 

ဆင်ဟွာ