ဖိလစ်ပိုင်နိုင်ငံရှိခရစ်ယာန်ဘုရားကျောင်းမှာ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ၂၀ဦး သေဆုံး

၂၈ ဇန်နဝါရီ

 

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဂျိုလိုကျွန်းရှိ ကက်သရစ်ခရစ်ယာန်ဘုရားကျောင်းကို အသေခံဗုံးခွဲသမားနှစ်ဦးက မနေ့က တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၂၀ ဦး သေဆုံးကြောင်း သိရပါတယ်။ ဂျိုလိုကျွန်းဟာ ဂျီဟတ်အဖွဲ့များ အခြေစိုက်လှုပ်ရှားရာ ဒေသဖြစ်ပါတယ်။ 

 

0014afp

 

အခုဖြစ်ခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုဟာ မူဆလင်အများစုနေထိုင်ရာဒေသမှာ ဖြစ်ပွားခဲ့ကြောင်း သိရပြီး အဲဒီဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် ဆန္ဒမဲပေးအပြီး ရက်ပိုင်းအတွင်းမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ၁၉၉၀ နှစ်များက စပြီး နိုင်ငံရဲ့ အကြီးမားဆုံး သူပုန်အဖွဲ့ Moro Islamic Liberation Front (MILF) နဲ့ အစိုးရကြားမှာ ညှိနှိုင်းဆွေးနွေးမှုတွေ စတင်ခဲ့ပါတယ်။ အဲဒီဆွေးနွေးမှုတွေကနေ ဘန်ဆာ မိုရို ဒေသအဖြစ် ကိုယ်ပိုင်အုပ်ချုပ်ရေးပေးဖို့ ဆန္ဒမဲပေးပြီး ဆုံးဖြတ်ဖို့ အထိ ဖြစ်လာခဲ့ကြောင်း သိရပါတယ်။ 

 

afp22+

 

ဖိလစ်ပိုင်နိုင်ငံ ငြိမ်းချမ်းရေး၊ပဋိပက္ခ နှင့် အကြမ်းဖက်တိုက်ခိုက်မှုများ သုတေသနဌာနရဲ့ ဥက္ကဌက “ဘန်ဆာမိုရို အစိုးရအတွက် အကြီးအကျယ် စိန်ခေါ်မှုဖြစ်တယ်။ သူပုန်ဟောင်းတွေအနေနဲ့ ဒေသကို ဆင်းရဲတွင်းကနေ လွတ်မြောက်ရန် စီးပွားရေးရင်းနှီးမြှပ်နှံမှုကို လာရောက်ဖို့အတွက် နယ်မြေငြိမ်းချမ်းရေးကို လုပ်ဆောင်နိုင်သလို အစွန်းရောက်တွေကို နှိမ်နင်းဖို့ ပါလုပ်ဆောင်နိုင်တယ်။ MILF အနေနဲ့ ကွဲပြားတဲ့ပုံစံ လုပ်ပြဖို့ လိုအပ်ပါတယ်။

 

afo3

 

MILF ရင်ဆိုင်နေတဲ့ ပြဿနာဟာ အင်မတန်ကြီးမားကြောင်း” ပြောပါတယ်။ 

 

996afp

 

ဒီတိုက်ခိုက်မှုဟာ မာရှယ်လော စစ်အုပ်ချုပ်ရေးလက်အောက်အတွင်းမှာ ဖြစ်ခဲ့တဲ့အတွက်  အစိုးရက စစ်အုပ်ချုပ်ရေးအတွင်းမှာ လုပ်ပိုင်ခွင့် ပိုပြီးပေးလိုက်ပြီဖြစ်ပါတယ်။ တောင်ပိုင်းဒေသရဲ့ မြို့ မာလာဝီမှာ အိုင်အက်စ်အဖွဲ့ကိုထောက်ခံသူတွေကိုဖမ်းမိခဲ့တဲ့ ၂၀၁၇ မေလကစပြီး မာရှယ်လောစစ်အုပ်ချုပ်နဲ့ အုပ်ချုပ်လာခဲ့တာဖြစ်ပါတယ်။ 

 

မနေ့က ဖြစ်ခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုဟာ နှစ်ပေါင်းများစွာအတွင်းမှာ အဆိုးရွားဆုံးဖြစ်ပါတယ်။ 

 

MDN
ကိုးကား -AFP