ဖိလစ်ပိုင်နိုင်ငံရှိ နေအိမ်၌ ပေါက်ကွဲမှုဖြစ်ပွားသဖြင့် လူလေးဦးသေဆုံး၊ ခုနစ်ဦး ဒဏ်ရာရ

ဇွန် ၁၆

 

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း မတ်စ်ဘိတ်ပြည်နယ်ရှိ နေအိမ်တစ်လုံးတွင် ယမန်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူလေးဦးထက်မနည်းသေဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောကြားသည်။

 

အဆိုပါ ပေါက်ကွဲမှုသည် မွန်းလွဲ ၁ နာရီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုပြည်နယ် ကျေးရွာတာဝန်ရှိသူတစ်ဦး၏နေအိမ် ပျက်စီးမှု ကြီးမားခဲ့သည်။

 

ဉပဒေနှင့်မညီသည့် ငါးဖမ်းရာတွင် အသုံးပြုသော ဒိုင်းနမိုက်များကြောင့် ယင်းသို့ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ကနဦးစုံစမ်းစစ်ဆေးမှုတွင် ဖော်ပြထားသည်။

 

ထိုပေါက်ကွဲမှုတွင် ကျေးရွာတာဝန်ရှိသူအပါအဝင် လူလေးဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အသက်ခုနစ်နှစ်အရွယ်လူငယ်တစ်ဦးအပါအဝင် ဒဏ်ရာရရှိသူများသည်  ဒေသန္တရဆေးရုံတွင် ကုသမှုခံယူနေကြသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို