ဖိလစ်ပိုင်နိုင်ငံရှိ ဂျပန်နိုင်ငံသား လေးဦးကို အထူးလိမ်လည်မှုကိစ္စရပ်များနှင့်  ဆက်နွှယ်လျက်ရှိသော အဖွဲ့ဝင်များဖြစ်ကြောင်း တိုကျိုရဲအရာရှိများ ပြောကြား

 

တိုကျို၊ ဇန်နဝါရီ ၃၁

ဂျပန်နိုင်ငံရှိ  ဆင့်ကဲငွေကြေးလိမ်လည်မှုများကို ညွှန်ကြားခဲ့သည့် သံသယဖြစ်ဖွယ် ဖိလစ်ပိုင်နိုင်ငံရှိ ဂျပန်နိုင်ငံသားလေးဦးကို အထူးလိမ်လည်မှုကိစ္စရပ်များနှင့်  ဆက်နွှယ်လျက်ရှိသော  အဖွဲ့ဝင်များ ဖြစ်ကြောင်း  တိုကျိုရဲအရာရှိများက  ပြောကြားလိုက်သည်။

 

ဖိလစ်ပိုင်နိုင်ငံရှိ  လူဝင်မှုကြီးကြပ်ရေးဌာန၌ ဖမ်းဆီးထားသူလေးဦးမှာ ဝမ်တာနာဘေးယူကီ၊ ကိုဂျီမာတိုမိုနိုဘူ၊ ဖူဂျီတာတိုရှီယာနှင့် အီမာမူရာ ကျီယိုတိုတို့ ဖြစ်ကြသည်။

 

တိုကျိုရဲဌာနက၎င်းတို့ကို  အထူးလိမ်လည်မှုကိစ္စရပ်များတွင် ပါဝင်သည့် သံသယမှုဖြင့်  ဖမ်းဆီးရန်  အမိန့်ရထားသည်။  တိုကျိုရဲဌာနက ၎င်းတို့ကို လွှဲပြောင်းရယူနိုင်ရေး  လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်ရန် ဖိလစ်ပိုင်နိုင်ငံသို့ သက်ဆိုင်ရာ ရဲအရာရှိများကို စေလွှတ်ရန် စီစဉ်ထားသည်။

 

ဖုန်းဖြင့် ငွေကြေးဆိုင်ရာ လိမ်လည်ပြောဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် ၎င်းတို့ထဲမှ သုံးဦးသည် ၂၀၁၉ ခုနှစ်က တိုကျိုရှိ အမျိုးသားတစ်ဦးထံမှ ငွေကြေးဆိုင်ရာ ကတ်နှစ်ခုကို ခိုးယူခဲ့မှုတွင် ပါဝင်ခဲ့သူများအဖြစ် ရဲတပ်ဖွဲ့က သံသယရှိခဲ့သည်။

 

၎င်းတို့လေးဦးသည် ဖိလစ်ပိုင်နိုင်ငံမှ ဂျပန်နိုင်ငံသို့ ဖုန်းဖြင့်ငွေကြေးလိမ်လည်ရန် ဖုန်းခေါ်ဆိုမှုများကို ပြုလုပ်ခဲ့သည့် အဖွဲ့ဝင်များဖြစ်ကြောင်း ရဲတပ်ဖွဲ့များကပြောသည်။

 

အဆိုပါအဖွဲ့သည် ငွေကြေးလိမ်လည်မှု အပါအဝင် လိမ်လည်မှုပေါင်း ၂၃၀၀ ခန့်နှင့် ဆက်စပ်လျက်ရှိပြီး အဆိုပါ လိမ်လည်မှုများအတွင်း ယန်း ၃ ဒသမ ၅ ဘီလီယံ သို့မဟုတ် ဒေါ်လာ ၂၇ သန်း နစ်နာမှုများဖြစ်ပေါ်ခဲ့သည်။

 

အင်န်အိတ်ချ်ကေ