ဖိလစ်ပိုင်နိုင်ငံ၌ မြေပြိုမှုအတွင်းပျောက်ဆုံးနေသည့် လူပေါင်း ၁၇၀ အား ဆက်လက်ရှာဖွေလျက်ရှိ

မနီလာ    ဧပြီ   ၁၉

ဖိလစ်ပိုင်နိုင်ငံ၌   လွန်ခဲ့သည့်  သီတင်းပတ်အတွင်းက ဖြစ်ပွားခဲ့သည့်    အပူပိုင်းမုန်တိုင်းမီဂီကြောင့်  ဖြစ်ပေါ်ခဲ့သည့် မြေပြိုမှုများအတွင်း ပျောက်ဆုံးနေဆဲဖြစ်သည့် လူပေါင်း ၁၇၀ အား  ရှာဖွေကယ်ဆယ်မှုများ   ဆက်လက်လုပ်ဆောင်လျက်ရှိ ကြောင်း ဖိလစ်ပိုင်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ မာ့ခ်တင်ဘယ် က ယနေ့တွင် ပြောကြားသည်။

အဆိုပါအပူပိုင်းမုန်တိုင်း     မီဂီတိုက်ခတ်မှုဖြစ်ပွားပြီး နောက်ပိုင်း အဘူယော့မြို့၌ လူပေါင်း ၁၀၀ နှင့် ဘေဘေးမြို့၌ လူပေါင်း ၇၀ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း      ဖိလစ်ပိုင်နိုင်ငံ အမျိုးသားသဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့်  စီမံခန့်ခွဲမှု ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ မာ့ခ်တင်ဘယ်က ပြောကြားခဲ့ သည်။

အပူပိုင်းမုန်တိုင်းတိုက်ခတ်မှုမှတစ်ဆင့် ဖြစ်ပေါ်လာသည့် မြေပြိုမှုများနှင့် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ အရေ အတွက်သည်လည်း ၁၇၂ ဦးအထိရှိလာကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာပေါ်တွင် သဘာဝဘေးဖြစ်ပွားမှု အများဆုံးနိုင်ငံများအနက်  တစ်ခုအပါအဝင်ဖြစ်ပြီး   မုန်တိုင်း ဖြစ်ပွားမှုဒဏ်အခံရဆုံးနိုင်ငံများစာရင်းတွင်လည်း ပါဝင်လျက် ရှိကြောင်းသိရသည်။ ဖိလစ်ပိုင်နိုင်ငံသည် တစ်နှစ်လျှင် တိုင်ဖွန်း မုန်တိုင်း အကြိမ် ၂၀ အထိ  ပျမ်းမျှတိုက်ခတ်မှုရှိခဲ့ပြီး   ယခု တိုက်ခတ်ခဲ့သည့်  မီဂီမုန်တိုင်းသည်  ဖိလစ်ပိုင်နိုင်ငံသို့ ပထမဆုံးအကြိမ်ဝင်ရောက်ခဲ့သည့်မုန်တိုင်းဖြစ်ကြောင်းလည်း သိရ သည်။               

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်