ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၂၃၁၈ ဦးနှင့် သေဆုံးသူ ၅၄ ဦးရှိ

 

မနီလာ ဩဂုတ် ၂၈

 

ဖိလစ်ပိုင်နိုင်ငံ၌ ဩဂုတ် ၂၈ ရက်တွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၂၃၁၈ ဦးရှိကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် အတည်ပြုလူနာအရေအတွက် စုစုပေါင်း ၃၈၇၄၆၄၁ ဦးအထိ ရှိလာခဲ့သည်။

 

လက်ရှိ ဆေးရုံတက်ရောက်နေဆဲ လူနာအရေအတွက်မှာ ၂၈၅၂၅ ဦးအထိ ကျဆင်းသွားခဲ့သော်လည်း နောက်ထပ်လူနာ ၅၄ ဦးမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးခဲ့သဖြင့် စုစုပေါင်း သေဆုံးသူ ၆၁၆၆၇ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

လူဦးရေ ၁၃ သန်းကျော်ရှိသည့် မြို့တော် မနီလာတွင် ရောဂါထပ်မံ ကူးစက်ခံရသူ အရေအတွက် ၇၈၂ ဦး တိုးလာခဲ့သည်။ နိုင်ငံအတွင်း လူဦးရေ သန်း ၁၁၀ ရှိသည့်အနက် ၇၂ ဒသမ ၄ သန်းကို ကာကွယ်ဆေး အပြည့်ထိုးပေးခဲ့ပြီးဖြစ်သည်။

 

ဆင်ဟွာ