ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် ၄၉ ဦး ထပ်မံသေဆုံး

 

မနီလာ စက်တင်ဘာ ၄

 

ဖိလစ်ပိုင်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ၄၉ ဦး ထပ်မံ သေဆုံးခဲ့သည့်အတွက် အဆိုပါရောဂါကူးစက်မှုကြောင့် သေဆုံးသူပေါင်း ၆၂၀၁၁ ဦးရှိကြောင်း ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနကဆိုသည်။

 

အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၃၂၁ ဦး ထပ်မံ တွေ့ရှိခဲ့ရာ ရောဂါကူးစက်ခံရသူပေါင်း ၃၈၉၁၄၁၈ ဦးရှိကြောင်း သိရသည်။

 

လက်ရှိတွင် အဆိုပါရောဂါပိုးတွေ့ဆဲလူနာ ၂၄၀၆၇ ဦးရှိသည်။ ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက် ခံရသူများအနက် ၈၁၃ ဦးသည် မြို့တော်မနီလာမှ တွေ့ရှိရခြင်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ၌ ဇန်နဝါရီ ၁၅ ရက်တွင် နေ့စဉ် ကူးစက်မှုအရေအတွက် ၃၉၀၀၄ ဦးဖြင့် စံချိန်တင်ခဲ့သည်။

 

ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပေးပြီး

 

လူဦးရေ သန်း ၁၁၀ ရှိသည့် ဖိလစ်ပိုင်နိုင်ငံ၌ ပြည်သူ ၇၂ ဒသမ ၆ သန်းကျော်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အောင်ကျော်ကျော်