ဖိလစ်ပိုင်နိုင်ငံ၌ အပူပိုင်းမုန်တိုင်း မာအွန်တိုက်ခတ်မှုကြောင့် သုံးဦးသေဆုံး၊ လေးဦးဒဏ်ရာရ

 

ဩဂုတ် ၂၅

 

ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်းတွင် ဩဂုတ်လ ၂၃ ရက်နေ့ မနက်ပိုင်းက အပူပိုင်းမုန်တိုင်း မာအွန်တိုက်ခတ်မှုကြောင့် လူသုံးဦးထက်မနည်း သေဆုံးပြီး အခြားလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖိလစ်ပိုင်အစိုးရက ယနေ့တွင် ပြောကြားသည်။

 

အမျိုးသားသဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီက နိုင်ငံအတွင်းရှိကျေးရွာ ၄၀၀ နီးပါးရှိ လူဦးရေ ၅၀၀၀၀ နီးပါး မုန်တိုင်းဒဏ်ခံခဲ့ရသည်ဟု ဆိုသည်။

 

အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင့် လမ်းများရေလွှမ်းမိုးခံရပြီး နေအိမ်များပျက်စီးကာ လျှပ်စစ်ဓါတ်အားများ ပြတ်တောက် သွားခဲ့သည်။

 

ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ပြီး ဩဂုတ်လ ၂၄ ရက်နေ့မနက်ပိုင်းတွင် ထွက်ခွာသွားသော မာအွန်မုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ်အတွင်း ဝင်ရောက်တိုက်ခတ်သော ခြောက်ကြိမ်မြောက်အပူပိုင်းမုန်တိုင်း ဖြစ်သည်။

 

ဧပြီလက အပူပိုင်းမုန်တိုင်း မီဂီတိုက်ခတ်ခဲ့ခြင်းကြောင့် မြေပြိုမှုနှင့် ရေကြီးရေလျှံမှုတို့ ဖြစ်ပွားခဲ့ရာ လူပေါင်း ၂၂၄ ဦး သေဆုံးပြီး အခြား ၁၄၇ ဦး ပျောက်ဆုံးနေသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

 

 

mdn