ဖိလစ်ပိုင် ဒုတိယမြို့တော်ဝန်နှင့် ၎င်း၏သက်တော်စောင့် ပစ်ခတ်ခံရ၍ သေဆုံး

၁၄ နိုဝင်ဘာ

 

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း လာယူနီယမ် ပြည်နယ်တွင် ဒုတိယမြို့တော်ဝန်၏ မော်တော်ယာဉ် ကို ယနေ့မနက်ပိုင်းက အမည်မသိ သေနတ်သမားက ပစ်ခတ်ခဲ့ရာ ဒုတိယ မြို့တော်ဝန်နှင့် ၎င်း၏ သက်တော်စောင့်တို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

 

ဒေသခံရဲတပ်ဖွဲ့က Balaoan ဒုတိယမြို့တော်ဝန် Alfred Concepcion သည် သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့သော်လည်း ၎င်း၏သမီးဖြစ်သူ လက်ရှိမြို့တော်ဝန် Aleli Concepcion က ၎င်းနှင့်အတူ  မော်တော်ယာဉ်ထဲတွင် ရှိနေခဲ့သော်လည်း အသက်ရှင် ကျန်ရစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

 

အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားခြင်းကြောင့်  ၎င်းတို့၏ သက်တော်စောင့်များအနက် တစ်ဦးလည်း သေဆုံးသွားခဲ့ကြောင်း  ရဲတပ်ဖွဲ့သတင်းများအရ သိရသည်။

 

၎င်းတို့သားအဖသည် စည်ပင်သာယာ ခန်းမသို့သွားရာ လမ်းပေါ်၌် ယနေ့မနက် ၈ နာရီ ၂၀ က ယင်းသို့ ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ထပ်လောင်းပြောကြားသည်။

 

ကိုးကား -ဆင်ဟွာ