ဖီဂျီနိုင်ငံတွင် တစ်နိုင်ငံလုံး ညမထွက်ရအမိန့် ဆက်လက်ထားရှိ 

ဒီဇင်ဘာ ၇

 

 

ဖီဂျီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဆက်လက် တိုက်ဖျက်ရန် နိုင်ငံတစ်ဝန်း ညမထွက်ရ အမိန့်ကို ဉ ၁၁ နာရီမှ မနက် ၄ နာရီ အချိန်အထိ ဆက်လက်ထားရှိမည် ဖြစ်ကြောင်း ဖီဂျီ ဝန်ကြီးချုပ် ဗော်ရီကီ ဘိုင်နီမာရာမာက ယနေ့တွင် ပြောကြားသည်။

 

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တိုက်ဖျက်ရေး မပြီးဆုံးသေးသဖြင့် ညမထွက်ရ အမိန့်ကို ဆက်လက် ထားရှိမည်ဟု ဘိုင်နီမာရာမာက ပါလီမန်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

 

 

ဝန်ကြီးချုပ်က အားကစားပွဲများနှင့် လူစုလူဝေးပွဲများတွင်လည်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များနှင့် ပတ်သက်ပြီး ဆက်လက်ထားရှိမည် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။

 

 

မိတ်ဆွေ အပေါင်းအသင်းများနှင့် စားသောက်နိုင်သည့် နေရာများအဖြစ် ခွင့်ပြုချက် ရရှိထားသည့် နိုက်ကလပ်များသည် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်းစည်းကမ်း များနှင့်အညီ လုပ်ဆောင်ရမည်ဟု ၎င်းက ဆိုသည်။

 

 

နိုက်ကလပ်များတွင် ကခုန်ခြင်းနှင့် ကျယ်လောင်သော အသံဖြင့် အော်ဟစ်သီဆိုခြင်းများ မပြုလုပ်သင့်ကြောင်းနှင့် ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ဖောက်ဖျက်ပါက အပြီးပိတ်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

 

 

ယခုနှစ် မတ်လ ၁၉ ရက်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ပထမဆုံး ဖြစ်ပွားခဲ့ပြီး ယခုချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၆ ဦး ရှိပြီး ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ နှစ်ဦး ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို