ဖြောင့်မတ်တည်ကြည်မှု ကျင့်ဝတ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ရည်ညွှန်း စာစောင်များ လွှဲပြောင်းပေးအပ်

နေပြည်တော်  ၂၂   ဇွန်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ဝေသည့် ဖြောင့်မတ်တည်ကြည်မှု ကျင့်ဝတ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ရည်ညွှန်းစာစောင်များကို ကချင်ပြည်နယ် အစိုးရ၊ ပြည်နယ်လွှတ်တော်နှင့် ပြည်နယ်တရားလွှတ်တော်များသို့ လှူဒါန်းပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ကချင်ပြည်နယ်အစိုးရ ဧည့်ဂေဟာ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်၊ ကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်း၊ အဖွဲ့ဝင် ဦးခင်မောင်မြင့်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်သည်။

 

ကော်ရှင်အတွင်းရေးမှူး ဦးစန်းဝင်းက ရည်ညွှန်းစာစောင်များ လှူဒါန်ပေးအပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား၍ ရည်ညွှန်းစာစောင် (၈၃)စုံအား လွှဲပြောင်းပေး အပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

(သတင်းစဉ်)