“ဖော”ငမြှောင်တောင် ကာကွယ်နှိမ်နင်းရေးအတွက် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းနှင့် မိုးစပါးပေါင်စနစ်ဖြင့် ပျိုးထောင်နည်းလက်တွေ့ပြသပွဲများကျင်းပ

တောင်ကြီး  ၁၈  ဇူလိုင် 

 

ရှမ်းပြည်နယ်(တောင်ပိုင်း)  တောင်ကြီးမြို့နယ် ရွှေညောင်  မြို့မကျေးရွာအုပ်စု ကွမ်းဘုံ ကျေးရွာရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြစိုက်ခင်းကြီးများအတွက် သဘာဝ မြေဩဇာထောက်ပံ့ပေးအပ်ခြင်း၊ “ဖော”ငမြောင်တောင် (FAW)ကာကွယ်နှိမ်နင်းရေး အတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းနှင့် မိုးစပါး ပေါင်စနစ်(Raised Bed)ဖြင့် ပျိုးထောင်နည်း လက်တွေ့သရုပ်ပြပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကွမ်းဘုံ ဘက်စုံ အဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ၌ ကျင်းပသည်။

 

အခမ်းအနားတွင်  ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးစိုင်းလုံကျော်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်ဝမ်းက ရှမ်းပြည်နယ်အတွင်း ဘက်စုံ အဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု များနှင့် အစေ့ထုတ်ပြောင်းသီးနှံတွင် ကျရောက်သော “ဖော”ငမြှောင်တောင်(FAW) ကာကွယ် နှိမ်နင်းရေးဆောင်ရွက်နေမှုများ၊ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းနှင့် မိုးစပါး ပေါင်စနစ်(Raised Bed)ဖြင့် ပျိုးထောင်နည်းလက်တွေ့ပြသပွဲ ဆောင်ရွက်မှုအခြေအနေ များအား ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ကွမ်းဘုံဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာရှိ စံပြစိုက်ခင်း ကြီးများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ တောင်သူ(၁၄)ဦး၏ စံပြစိုက်ခင်း ဧက(၁၀၀) ရွှေတောင်တန်း သဘာဝအော်ဂဲနစ်ကြက်ချေးမြေဩဇာ တစ်ဧကလျှင် တစ်အိတ်နှုန်းဖြင့် ဧက(၁၀၀)အတွက် အိတ် (၁၀၀) တန်ဖိုးငွေကျပ်(၁၅)သိန်း၊ တောင်ကြီး မြို့နယ်အတွင်း အစေ့ထုတ်ပြောင်းစိုက်တောင်သူများအတွက် “ဖော”ငမြှောင်တောင် ကာကွယ်နှိမ်နင်းရန် ဧက(၅၀၀)စာအတွက် အလန်းပိုး သတ်ဆေး(၁၈၅)ထုပ်၊ ဆိုင်ကလုံး ပိုးသတ်ဆေးဗူး(၁၅၀)၊ တမာပိုးသတ်ဆေး (၁၂)ဗူး တန်ဖိုးငွေကျပ်(၂၅)သိန်း၊ ဖီရိုမုန်း ထောင်ချောက် အခု(၄၀) တန်ဖိုးငွေကျပ် (၁)သိန်း (၆)သောင်း စုစုပေါင်း ဟော်မုန်းထုတ် (၈၀)၊ စုစုပေါင်းထောက်ပံ့ပစ္စည်း တန်ဖိုးငွေကျပ်(၄၁)သိန်း (၆) သောင်းတို့အား ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်ဝမ်းနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ပြီး ခေတ်မီသိပ္ပံနည်းကျ ပေါင်စနစ်ဖြင့် မိုးစပါးပျိုးထောင်ပွဲ ဆောင်ရွက် နေမှုအားကြည့်ရှုအားပေးသည်။

 

ထို့အတူ ညောင်ရွှေမြို့နယ်၊ တိလောကျေးရွာအုပ်စု၊ ကျော့မောင်ငယ်၊ ဘက်စုံအဆင့် မြှင့်နည်းပညာ သုံးစံပြကျေးရွာတွင် COVID-19 စီးပွားရေး ကုစားမှု(CERP)အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းကြီးများအတွက်သဘာဝမြေဩဇာ ထောက်ပံ့ပေးအပ်ခြင်း၊ “ဖော”ငမြောင်တောင်(FAW)ကာကွယ်နှိမ်နင်းရေးအတွက် ထောက်ပံ့ပစ္စည်းများပေးအပ် ခြင်းနှင့် မိုးစပါးမျိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းစိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှု အားပေးခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက ညောင်ရွှေမြို့နယ်၊ တိလော ကျေးရွာအုပ်စု၊ ကျော့မောင်ငယ်ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ၌ ကျင်းပ ရာ  ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်း လုံကျော်က အဖွင့်အမှာစကား ပြောကြားခြင်း၊ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်မှအမှာစကားပြောကြားခြင်းနှင့် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်ဝမ်းက ရှမ်းပြည်နယ်အတွင်း ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာများအကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် ထောက်ပံ့ ပစ္စည်းများပေးအပ်ခြင်းနှင့် အစေ့ထုတ်ပြောင်းသီးနှံတွင် ဖောငမြှောင်တောင်ကျရောက်မှု အားကာကွယ်နှိမ်နင်းရန်အတွက် ထောက်ပံ့ပစ်စည်းများပေးအပ်ခြင်းနှင့် မိုစပါးမျိုးစေ့ ထုတ် စိုက်ခင်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ကျော့မောင်ငယ်ကျေးရွာ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြ ကျေးရွာရှိ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းကြီးများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ တောင်သူ (၁၂)ဦး စိုက်ပျိုးထားသည့် မိုးစပါးမျိုးစေ့ထုတ် ဧက(၅၀)အတွက် အော်ဂါဝေါလ်သဘာဝ မြေသြဇာ တစ်ဧကလျှင် နှစ်အိတ်နှုန်းဖြင့် ဧက(၅၀)အတွက် အိတ် (၁၀၀) တန်ဖိုးငွေကျပ် (၂၅)သိန်း၊ ညောင်ရွှေမြို့နယ်အတွင်း အစေ့ထုတ်ပြောင်းစိုက် တောင်သူများအတွက် “ဖော”ငမြှောင်တောင်ကာကွယ်နှိမ်နင်းရန် ဧက(၁၀၀)စာအတွက် အလန်းပိုးသတ်ဆေး (၁၈၅)ထုပ်၊ ဆိုင်ကလုံးပိုးသတ်ဆေးဗူး (၁၅၀)၊ တမာပိုးသတ်ဆေး (၁၂)ဗူး တန်ဖိုးငွေကျပ် (၂၅)သိန်း၊ ဖီရိုမုန်းထောင်ချောက် အခု(၄၀)၊ တန်ဖိုးငွေကျပ် (၁၆၀၀၀၀) စုစုပေါင်း ထောက်ပံ့ပစ္စည်း တန်ဖိုးငွေကျပ်(၅၁)သိန်း (၆)သောင်းတို့အား ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်ဝမ်းနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ပြီး မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

စိုးညွန့်ရွှေ(ပြည်နယ် ပြန်/ဆက်)