ဖျာပုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး မြို့ပေါ်ရပ်ကွက်၊ကျေးရွာဈေးများ ရှိ ဈေးသည်များအား Mask များအခမဲ့ဖြန့်ဝေ

ဖျာပုံ ၂၇  ဧပြီ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်၊ကုသရေး ကော်မတီမှ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး မြို့ပေါ်ရပ်ကွက်၊ ကျေးရွာဈေးများ တွင် ပျံကျရောင်းချလျက်ရှိသည့် ဈေးသည်များအား Mask များအခမဲ့ဖြန့်ဝေပေးခြင်းကို ဧပြီ ၂၇ ရက်နေ့ နံနက် ၇ နာရီ က ဈေးအတွင်း အခမဲ့ ဖြန့်ဝေ ပေးမှုများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ အခမဲ့ဖြန့်ဝေပေးမှုကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထွဋ်တို့က ဦးဆောင်၍ ဖျာပုံမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်၊ ကုသရေးကော်မတီဝင်များ၊ Volunteer များ နှင့် ဖျာပုံမြို့နယ်လူငယ်ရေးရာကော်မတီဝင်များ ပူးပေါင်းပါဝင်ပြီး Mask  (၇၀၀)ခုကို ဖျာပုံမြို့ အမှတ်(၁၇) အမှတ်(၁၈)ရပ်ကွက်ဈေးများ၊ ကျုံကူ၊ ‌ ပြောင်ကျေးရွာဈေးများ အတွင်းသို့ လိုက်လံ၍ ကျန်းမာရေး အသိပညာပေးမှုများကို Hand Speaker များဖြင့်ပြောကြားပြီး Mask များအခမဲ့ ဖြန့်ဝေပေးခဲ့ပြီး၊    Maskတပ်ဆင်ထားခြင်းမရှိသည့်ဈေးဝယ် လာသူများ၊ လမ်းသွားလမ်းလာခရီးသွား ပြည်သူများကိုလည်း Volunteer လူငယ်များက အသိပညာပေး ပြောကြားပြီး Mask များ တပ်ဆင်ပေးခဲ့ကြောင်းသိရှိရသည်။

အောင်ဝင်းနိုင်(ခရိုင်ပြန်/ဆက်)