ဖာပွန်ခရိုင်အတွင်းရှိ  အခြေခံပညာအထက်တန်းကျောင်းများအားလုံး ဖွင့်လှစ်သင်ကြားလျက်ရှိ

ဖာပွန် ဇူလိုင် ၂၈

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(၃) ကျောင်း နှင့် အခြေခံပညာ အထက်တန်း ကျောင်းခွဲ(၁)ကျောင်းတို့မှာ ဆန်းစစ်ချက်ပုံစံ(Chicklist)အချက်(၈၀)အရA အဆင့်ရရှိပြီး ဖြစ်၍ ကျောင်းများအားလုံး ဖွင့်လှစ်နေပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

 

ထိုသို့ အထကကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်၊ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ကျောင်းသား၊ ကျောင်းသူများအား (Face shield)များနှင့် နှာခေါင်းစည်း (Mask) များတပ်ဆင်ခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ စနစ်တကျလက်ဆေးခြင်းများနှင့် စာသင်ခန်း များတွင် ကျောင်းသား/သူများအား တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာထားရှိပြီး စာသင်ကြား ပေးလျက်ရှိကြောင်း သိရှိရသည်။

 

ဖာပွန်မြို့နယ်အတွင်းရှိ အ.ထ.က(ဖာပွန်)ကျောင်းကို ဇူလိုင်လ(၂၃)ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ပြီး အ.ထ.က (ကမမောင်း)၊ အ.ထ.က(ကတိုင်တိ)နှင့်အ.ထ.က-ခွဲ(ကူးဆိပ်) ကျောင်းများကို ဇူလိုင်လ (၂၇)ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားနေပြီဖြစ် ကြောင်း သိရှိရသည်။

 

စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်ဆက်)