ပြေတီဦးဖောင်ဒေးရှင်းက ရုပ်ရှင်လောကသားများ၏ သားသမီးများအတွက် ကျောင်းသုံးဗလာစာအုပ်များ လှူဒါန်း

ရန်ကုန်  ၁၅   ဇူလိုင်

 

ပြေတီဦးဖောင်ဒေးရှင်းအနေဖြင့် ရုပ်ရှင်လောကသားများ၏ သားသမီးများအတွက် ပညာရေးသင်ကြား ရာတွင် အထောက်အပံ့ဖြစ်စေမည့်ကျောင်းသုံး ဗလာစာအုပ်များ လှူဒါန်းခြင်းကို ဇူလိုင် ၁၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးခန်းမ၌ ပြုလုပ်သည်။

 

“ကျွန်တော်တို့ ပြေတီဦးဖောင်းဒေးရှင်က နှစ်စဉ်နှစ်တိုင်း အနုပညာလောကသားအဖွဲ့ဝင်တွေရဲ့ သား သမီးတွေ အားလုံးအတွက်အထောက်အပံ့တစ်ခုအနေနဲ့ ဗလာစာအုပ်တွေ လှူဒါန်းတာပါ၊မကြာခင် ကျောင်းတွေ ဖွင့်တော့မယ့်ကာလ ရောက်လာတော့မှာမို့ စောစောစီးစီး ကြိုလှူလိုက်တာပါ။ ကလေးတွေ ပညာရေးအတွက် တခြားအလှူရှင်တွေကိုလည်း လှုံ့ဆော်ပေးရာရောက်တယ်‌ ပေါ့၊လှူနေ ကြသူတွေလည်း လှူပါလိမ့်မယ်”ဟု ပြေတီဦးဖောင်ဒေးရှင်းမှ အတွင်းရေးမှူး ဦးဝင်းကြည်က ပြောသည်။

 

အဆိုပါ အခမ်းအနားတွင် ပြေတီဦးဖောင်ဒေးရှင်း၏ ပြန်ကြားရေးမှူးဦးမြတ်ခိုင် နှင့် အတွင်းရေးမှူး ဦးဝင်းကြည် တို့ က ဗလာစာအုပ်ဒါဇင် ၃၀၀ ကိုလှူဒါန်းရာ မြန်နိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က လက်ခံရယူခဲ့သည်။

 

ပြေတီဦးဖောင်ဒေးရှင်းသည် နှစ်စဉ် ကျောင်းဖွင့်ရာသီတိုင်းတွင် အစည်းအရုံးသို့ ဗလာစာအုပ်များ လှူဒါန်း ပေးလျက်ရှိပြီး ခြေခံပညာအထက်တန်း ဒသမတန်းအောင် စာရင်းထွက်ရှိပြီးချိန်တွင်လည်း ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို လျှောက်လွှာခေါ်ယူကာ စိစစ်ရွေးချယ်၍ ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ဝိဇ္ဇာ သိပ္ပံတက္ကသိုလ် (ဥပဒေဘာသာရပ်)တို့သို့ ပညာဆုံးခန်းတိုင်သင်ကြားနိုင်စေရေး ထောက်ပံ့ကူညီဖြည့်ဆည်းပေးနေသော ဖောင်ဒေရှင်းဖြစ် ကြောင်း သိရသည်။

 

မျိုးမင်းသိန်း(မရမ်းကုန်း)