ပေါက်မြို့နယ်၌ ရေနံတွင်း မီးလောင်၊ ၃ ဦး ဒဏ်ရာရ

နေပြည်တော် ၁၉  ဇန်နဝါရီ 

ပေါက်မြို့နယ်၊ သရက္ကန်ကျေးရွာ၏ အရှေ့မြောက်ဘက် ၂ မိုင်ခန့် အကွာ၌ ဇန်နဝါရီ ၁၈ ရက်နေ့ ညနေ ၄ နာရီအချိန်က ရေနံတွင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာနေ မြေပိုင်ရှင် ဦးကျော်မြင့်ထွေး(၃၇)နှစ်၏ ယာမြေအတွင်း၌ ရေနံတူးဖော်သူ ကျင်းပိုင်ရှင် ပခုက္ကူမြို့နယ်၊ ကမ္မမြို့နေ သက်လှိုင်(ခ)ဖိုးသား(၄၇)နှစ်၏ ရေနံတွင်းတွင် ထွက်လာသော ဂက်စ်ငွေ့နှင့် မီးစက်၏အပူရှိန်တို့ ထိတွေ့ကာမီးလောင်မှုဖြစ်ပွားခဲ့ပြီး ည ၁၀ နာရီ ၅၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့်  မီးလောင်မှုကြောင့် ရေနံတွင်းလုပ်သား မြိုင်မြို့နယ်၊ စဘေကန်ကျေးရွာနေ နိုင်လင်း(၂၈)နှစ်ပါ သုံးဦးတွင် ခန္ဓာကိုယ်မီးလောင်ဒဏ်ရာများရရှိခဲ့ပြီး အင်ဂျင်စက် ၁ လုံး၊ သံပိုက် ၁ ချောင်း နှင့် ရေနံစိမ်းဂါလန် ၅၀ဝ တို့ ပျက်စီးဆုံးရှုံးခဲ့သဖြင့် သက်လှိုင်(ခ)ဖိုးသားအား ရေပြာနယ်မြေရဲစခန်း၌ အမှုဖွင့် အရေးယူထားကြောင်း  ရဲပြန်ကြားမှ သတင်းရရှိသည်။

(သတင်းစဉ်)