ပေါက်မြို့နယ် ကျောက္ကာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်းအား ပေါက် PDF အဖွဲ့က ဖမ်းဆီးသတ်ဖြတ်

ပေါက် ဇူလိုင် ၃၁

 

ပေါက်မြို့နယ်၊ ကျောက္ကာအုပ်စုအုပ်ချုပ်ရေးမှူး ဟောင်းဦးထီမြို့ (ဘ)ဦးကြီးရှိန် ပင်တောင်ကျေးရွာနေသူနှင့် ပင်တောင် ကျေးရွာသားတစ်ဦးအား ပေါက် PDF အဖွဲ့က ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီခွဲခန့်က ဝန်ခြုံးကျေးရွာ၏ မြောက်ဘက်သုံးမိုင်ခန့်အကွာ တောင်ကုန်းဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

 

အဆိုပါ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းအရကိုင်းလယ်ရဲစခန်းမှ ဦးစီးအဖွဲ့(၂+၈)ဦးနှင့် ပင်တောင်ရွာသား (၃၀)ဦးတို့ ပူးပေါင်းကာ ဖမ်းဆီးခေါ်ဆောင်သွားသည့် PDF အဖွဲ့အား လိုက်လံရှင်းလင်းရာ ပင်တောင်ကျေးရွာနှင့် ဝန်ခြုံးကျေးရွာကြားအရောက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အုပ်ချုပ်ရေးမှူးဟောင်း၏ အလောင်းအား ရှာဖွေတွေ့ရှိခဲ့သည်။

 

ဆက်လက်၍ ပေါက်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် မွန်းလွဲ ၁၂ နာရီခွဲတွင် ပူးပေါင်းပြီး ဝန်ခြုံးရွာသို့ ဆက်လက်ရှင်းလင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ပခုက္ကူခရိုင် ရဲတပ်ဖွဲ့မှူး၏ ပြောကြားချက်အရ ဝန်ခြုံးကျေးရွာ၌ မီးလောင်မှုဖြစ်စဉ်မရှိဘဲ PDF အဖွဲ့က ၎င်းတို့ယာယီအသုံးပြုသည့်တဲအား မီးရှို့ထွက်ပြေးသွား ခြင်းသာဖြစ်ကြောင်း သိရသည်။

(ပေါက် ပြန်/ဆက်)