ပျော်ဘွယ်မြို့နယ်၌ လယ်ယာမြေဧက ၁၀ဝ၀ ကျော်အကျိုးပြုနိုင်မည့် ကျေးလက် ကုန်ထုတ်လမ်းဖောက်လုပ်လျက်ရှိ

ပျော်ဘွယ်  ၂၁  ဖေဖော်ဝါရီ

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ် ဖွဲသင်းကျေးရွာရှိ ကျေးလက်နေတောင်သူများ၏ လယ်ယာမြေဧက ၁၀ဝ၀ ကျော်မှ  လယ်ယာထွက်ကုန်သီးနှံများ ဈေးကွက်သို့အချိန်မှီတင်ပို့နိုင်စေရန်ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖွဲသင်းကျေးရွာ ကုန်ထုတ်လမ်းမှာ အရှည် ၇၄၅၀ ပေ၊ အကျယ် ၁၂ ပေ ၊ထု ၂ပေ ၉ လက်မ မြေသားတင်ဂျင်းခင်းခြင်းနှင့်ယင်း လမ်းပေါ်တွင် RC Box culvert ၄ စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၉၆ ဒသမ ဝ၃သန်း ဖြင့် တင်ဒါအောင်မြင်သော ဇွဲဝဿန်ကုမ္ပဏီက တာဝန် ယူဆောင်ရွက်လျက်ရှိပြီး ပျော်ဘွယ် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သီတာဝင်းစံနှင့်တာဝန်ရှိသူများက လုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ချိန်အတွင်း ပြီးစီး စေရန် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဖြိုးထက်အောင်(ပျော်ဘွယ်)