ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၂၂)ဦးကို ထိုင်းတာဝန်ရှိသူများက မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်

တာချီလိတ် ၈ အောက်တိုဘာ

 

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ၂၂ ဦးကို ပြစ်ဒဏ်စေ့၍ ထိုင်းတာဝန်ရှိသူများမှ မြန်မာနိုင်ငံ တာဝန်ရှိသူများထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ လွှဲပြောင်းပေးရာတွင် မြန်မာနိုင်ငံသား အမျိုးသား(၁၅)ဦး၊ အမျိုးသမီး (၇)ဦး စုစုပေါင်း(၂၂)ဦးကို ယနေ့ နံနက် ၁၀ နာရီခွဲက မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)တွင် လာရောက်လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ မြန်မာနိုင်ငံသား (၂၂)ဦးသည် ထိုင်းနိုင်ငံသို့ အထောက်အထားမဲ့ ဝင်ရောက်မှု၊ သတ်မှတ်နယ်မြေ ကျော်လွန်ဝင်ရောက်မှု၊ နေထိုင်ခွင့်သက်တမ်း ကျော်လွန်နေထိုင်မှု စသည့် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရခြင်းဖြစ်ကြောင်း သိရသည်။

 

ယာဆေး(ပြန်/ဆက်)

 

1