ပအိုဝ်းတိုင်းရင်းသား စာပေဆုချီမြှင့်

ဒိုက်ဦး ၁၁ မေ

 

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ရွာဝိုင်းကြီးကျေးရွာ ဝိဝေကဒါယီဓမ္မဗိမာန်တော်ကြီး၌ပအိုဝ်းတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုကော်မတီက ကြီးမှူးကျင်းပသော ပအိုဝ်းတိုင်းရင်းသားစာပေဆုချီးမြှင့်ပွဲကို မေ ၇ ရက်က ကျင်းပသည်။

 

အခမ်းအနားတွင် ရွာဝိုင်းကြီးကျောင်းတိုက် ဦးစီးပဓာန နာယက မြို့နယ်သံဃနာယကဒုတိယဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တပညာသာမိက ဩဝါဒကထာမြွက်ကြားသည်။ ဆက်လက်၍တိုင်းဒေသကြီးအဆင့် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ မြားတန်ဩဘာသကော်မတီနာယက မြားစိန်ဝင်း၊ ရွာဝိုင်းကြီးကျေးရွာ ကျောင်းအုပ် ဆရာကြီး ဦးတင်အောင်နှင့် အိမ်ခြေလေးဆယ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးတို့က အမှာစကား ပြောကြားသည်။

 

ယင်းနောက် ကျေးရွာများမှ ဆုရရှိသော ကျောင်းသား ကျောင်းသူများကို တာဝန်ရှိသူများက ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်းသိရသည်။

 

ကျော်ကျော်(ပြန်/ဆက်)