ပဲရစ်မြို့ တွင် ဓားဖြင့်တိုက်ခိုက်မှုဖြစ်ပွားသဖြင့် ရဲတပ်ဖွဲ့ဝင်လေးဦး သေဆုံး

၄ အောက်တိုဘာ

 

ပြင်သစ်နိုင်ငံ ပါရီမြို့တော်ရှိ ရဲဌာနချုပ်အတွင်း အမျိုးသားတစ်ဦးက ဓားဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်လေးဦး သေဆုံးခဲ့ကြောင်း ပြင်သစ်မီဒီယာ က ဆိုသည်။

 

ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ယင်းသို့ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ တိုက်ခိုက်သူကို အခြား ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အာဏာပိုင်များက ထိုတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးနေကြသည်။

 

၎င်း ရဲဌာနချုပ်သည် ပဲရစ်မြို့ရှိ Notre-Dame ဘုရားရှီခိုးကျောင်းအနီး   Cite ကျွန်းပေါ်တွင်ရှိသည်။

 

ထိုကျွန်းအနီးအနားတဝိုက်ရှိ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို ပိတ်ထားခဲ့ပြီး အနီးနားရှိ metro ဘူတာတစ်ခုကိုလည်း ပိတ်ထားကြောင်း ဖော်ပြထားသည်။

 

ယင်းတိုက်ခိုက်သူမှာ ထိုရဲဌာနချုပ်မှဝန်ထမ်းတစ်ဦး ဖြစ်နိုင်သည်ဟု မီဒီယာက ဆိုသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို