ပဲရစ်မှာ Chanel ရဲ့ ဖက်ရှင်ပြပွဲကို ကျင်းပခဲ့

ပါရီ၊ ဇန်နဝါရီ

 

ပြင်သစ်နိုင်ငံ ပဲရစ်မှာ Chanel ရဲ့ the Women's Fall-Winter 2020-2021 ဖက်ရှင်ပွဲကိုကျင်းပခဲ့ပြီး အသင့်ဝတ်အထည်များကို သီးသန့်ပြသခဲ့ကာ အမေရိကန်နာမည်ကြီးမော်ဒယ်လ် ဂျီဂျီဟာဒစ်လည်း ပါဝင်ခဲ့ပါတယ်။

 

ဂေဘရီယယ် ချာနယ်သေဆုံးမှု အနှစ် ၅၀ ရောက်သည့်တိုင် အောင်ပွဲခံနေဆဲ အဖိုးတန်ဒီရေမွှေးရဲ့ ရနံ့က အချိန်အကန့်အသတ်ကို ဆွဲဆန့်နိုင်နေဆဲ ဖြစ်ပါတယ်။ ဒီနူးညံ့ညင်သာမှုတွေက ခေတ်ပေါ် မော်ဒယ်လ်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ နှစ်လိုဖွယ်အမြင်ကို ဖြစ်စေပါတယ်။ Galliera Palais ဖက်ရှင်ပြတိုက်မှာ ကျင်းပတာဖြစ်တဲ့အတွက် "Gabrielle Chanel, fashion manifesto" ပြပွဲနဲ့ ဖက်ရှင်ပွဲက ပိုလို့အသက်ဝင်ခဲ့ ကြောင်း သိရပါတယ်။

 

#Source – AFP

#MRTV

mdn