ပဲခူး၊ ၇ ဖေဖော်ဝါရီ
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဖေဖော်ဝါရီ ၆ ရက် နံနက် ၉ နာရီက တိုင်းဒေသကြီးကောင်စီဝင်များနှင့်အတူ ပဲခူးမြို့ပေါ်ရှိ မြို့မစာသင်တိုက်နှင့် ကြခတ်ဝိုင်းစာသင်တိုက် ဆရာတော်ကြီးများထံသို့ သွားရောက်ဖူးမြော် ကန်တော့ခဲ့ကြသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် မြို့မစာသင်တိုက်သို့သွားရောက်၍ မြို့မစာသင်တိုက်ပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဌဂုရု၊ ဘဒ္ဒန္တဂန္ဓမာအား ဖူးမြော်ကန်တော့ပြီး ဆန်၊ ဆီ၊ လှူဖွယ်ခြင်းနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ကြခတ်ဝိုင်းစာသင်တိုက်သို့ သွားရောက်ကာ ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသအား ဖူးမြော်ကန်တော့ပြီး ဆန်၊ ဆီ၊ လှူဖွယ်ခြင်းနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် အဆိုပါ ဆရာတော်ကြီးများထံသို့ သွားရောက်ဖူးမြော်ကန်တော့ရာတွင် ရှေ့ဆက်လက်ဆောင်ရွက်မည့် သာသနာရေးဆိုင်ရာကိစ္စရပ်များအား လျှောက်ထားခဲ့ပြီး ဆရာတော်ကြီးများက ဩဝါဒကထာ ပြန်လည်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


