ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော်  ၂၅  နိုဝင်ဘာ

 

သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၉ ရက်မှ ၂၁ ရက်အထိ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ခရိုင်ချင်းဆက်လမ်း၊ ထုံးဘိုကြီးအနောက်ဘက်(၁)မိုင်ခန့်အကွာမှ တရားမဝင် ပိတောက်ခွဲသား (၉ ဒသမ ၅၁၇၈)တန်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ လက်ပံစုဆိပ်နှင့် မိုးကြိုးပြင်ဆိပ်အကြား ချင်းတွင်းမြစ်အတွင်း မော်တော်(၁)စီးပေါ်မှ တရားမဝင် အင်သစ်(၈)တန်၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ နန်းပါဟုတ်ကျေးရွာ၏ အနောက်မြောက်ဘက် (၅)မိုင်ခန့်အကွာနေရာ၌ တရားမဝင်အင်သစ်၊ (၁၀ ဒသမ ၁၁၇၂) တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော ပြစ်မှုကျူးလွန်သူများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ ကလေးဝ-ရေဦး ကားလမ်း၊ မိုင်တိုင်အမှတ်(၁၄/၃) အနီးနေရာ၌ (၁၀)ဘီး (အပြာရောင်)ယာဉ်ပေါ်မှ တရားမဝင် သစ်ယာခွဲသား၊ (၇ ဒသမ ၇၁၃) တန်၊ ပြစ်မှုကျူးလွန်သူ(၁)ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မော်တောင်းကျေးရွာအနီးတွင် NISSAN (ခရမ်း/အဖြူရောင်) ယာဉ်ပေါ်မှ တရားမဝင် တမလန်းဓါးရွေ (၄ ဒသမ ၀၁၀၆)တန်၊ ပြစ်မှုကျူးလွန်သူ(၁)ဦးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

ညီညီသန်း(နေပြည်တော်)

 

63