ပဲခူးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၁၇  ဇွန် 

 

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့ ကျွန်းကုန်း Toll Plaza အနီး (၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင် သယ်ဆောင်လာသည့် ကျွန်း/အခြားတံခါးချပ်များနှင့် ပရိဘောဂ ပစ္စည်းမျိုးစုံ (၂၇၃)မျိုး တန်ချိန် (၂ ဒသမ ၉၈၂၈)တန်ကို တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

mdn

 

ထို့ပြင် ပဲခူးခရိုင် ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်၊ (၁၀၄/၅) အနီး Nissan ယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား အချောင်း (၆၀) တန်ချိန်  (၃ ဒသမ ၃၀၂၄) တန်ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးဝမြို့နယ် ရွှေကျင်ကြိုးဝိုင်းအတွင်း တရားမဝင် ကညင်(၂၈)လုံး/ချောင်း၊ တန်ချိန် (၆ ဒသမ ၃၄၈၈)တန်ကို လည်းကောင်း၊ မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ် အင်းတပေါင်းကျေးရွာ၏အရှေ့ဘက်၊ ချင်းတွင်းမြစ်ဘေးမှ တရားမဝင် အင်ခွဲသားဆိုဒ်စုံ (၂၂၅)ချောင်း တန်ချိန်(၉ ဒသမ ဝ၇၂၈) တန်တို့ကိုလည်းကောင်း ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများကို စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

mdn

 

(သတင်းစဉ်)