ပဲခူးမြို့၌ ဓားကိုင်သောင်းကျန်းသူ လူငယ် ၃ ဦးအား ရဲတပ်ဖွဲ့က သတိပေးပစ်ခတ်ဖမ်းဆီး

နေပြည်တော် ၈  ဇွန် 
     

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့  ဉဿာမြို့သစ်(၈)ရပ်ကွက် မြို့ရှောင်လမ်း၌ ဇွန်  ၇ ရက် ညနေ ၃ နာရီ  မိနစ် ၂၀ တွင် အဆိုပါရပ်ကွက်နေ ဟိန်းဇင်မျိုး၊ ကျော်ကျော်ဝင်း၊ ထက်ဇော်ဝင်း (ခ)ကျန်ကျောင်းတို့ ၃ ဦးသည် ဓားကိုယ်စီ ကိုင်ဆောင်ရမ်းကားသောင်းကျန်းနေကြောင်း သတင်းအရ ပဲခူးမြို့အမှတ်(၃)နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် ဖမ်းဆီးစဉ် ဟိန်းဇင်မျိုး မှ အရှည် ၂ ပေခွဲခန့်ရှိ ဓားရှည်ဖြင့် ပြန်လည်ခုခံခဲ့သဖြင့်ရဲတပ်ဖွဲ့ဝင်များက သတိပေးပစ်ခတ်ခဲ့ရာ ဟိန်းဇင်မျိုးတွင် ယာပေါင်ကျည် ထိမှန်ဒဏ်ရာရရှိ၍ ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ပြီး ဟိန်းဇင်မျိုးပါ (၃)ဦး အား ပဲခူးမြို့အမှတ် (ပ)၈၆၆/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၅၃/၁၁၄ ဖြင့်လည်းကောင်း၊ (ပ)၈၆၇/၈၆၈/၈၆၉/၂၀၁၉၊ လက်နက်ဉပဒေ ပုဒ်မ၁၉(စ) ဖြင့်လည်းကောင်း အမှုဖွင့်စစ်ဆေးလျက်ရှိ ကြောင်း ရဲပြန်ကြားမှ သိရသည်။


MDN