Once Upon A Time In Hollywood အထူးပွဲ ပြသ

အေးပြည့်

ဟောလိဝုဒ်ရဲ့ အလွန်ကိုကျော်ကြားတဲ့ မင်းသားတွေဖြစ်ကြတဲ့ လီယိုနာဒိုဒီကာပရီယိုနဲ့ ဘရက်ပစ်တို့ ခေါင်းဆောင်မင်းသားတွေအဖြစ် ပါဝင်ထားပြီး မင်းသမီး မာဂေါ့ထ်ရော်ဘီနဲ့ တွဲဖက်ရိုက်ကူးထားတဲ့ရုပ်ရှင် Once Upon A Time In Hollywood” ကို လတ်တလောမှာ လော့စ်အန်ဂျလိမှာ အထူးပွဲပြသခဲ့တာ ဖြစ်ပါတယ်။ ဒီအခမ်းအနားကိုတော့ ဇာတ်ဆောင်တွေလည်း စုံလင်စွာ တက်ရောက်ခဲ့ကြောင်း မေးလ်အွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်

ဇူလိုင် ၂၂ ရက်မှာ လော့စ်အန်ဂျလိက တီစီအယ်လ်ချိုင်းနိစ်သီရေတာမှာ “Once Upon A Time In Hollywood” အတွက် အထူးပွဲပြသခဲ့တာ ဖြစ်ပါတယ်။ ဒီအခမ်းအနားရဲ့ ကော်ဇောနီပေါ် အနုပညာရှင်တွေများစွာ ပါဝင်လျှောက်လှမ်းခဲ့ကြပြီး အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ ဘရက်ပစ်၊ ၄၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီယိုနာဒိုဒီကာပရီယိုနဲ့ ၂၉ နှစ်ရှိပြီဖြစ်တဲ့ မာဂေါ့ထ်ရော်ဘီတို့အတူတွဲကာ ဓာတ်ပုံရိုက်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

“Once Upon A Time In Hollywood ”  ကို ပြီးခဲ့တဲ့ မေ ၂၁ ရက်က ကန်းစ်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ အထူးပွဲ ပြသခဲ့ပါသေးတယ်။ ဒီရုပ်ရှင်ကို လာမယ့် ဇူလိုင် ၂၆ ရက်မှာ စတင်ရုံတင်ဖို့ရာ ရည်ရွယ်ထားပြီး အဖွင့်သီတင်းပတ်အတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ ရရှိဖို့ရာ မျှော်မှန်းထားကြောင်းလည်း သိရပါတယ်။

ကြေးမုံ