ဩဂုတ် ၁၆ ရက်က တွေ့ရှိခဲ့သော COVID-19 ဓာတ်ခွဲအတည်ပြုလူနာ နှင့် ထိတွေ့မှုရှိခဲ့သူများ၏ ဓာတ်ခွဲနမူနာများအပါအဝင် စုစုပေါင်း ဓာတ်ခွဲနမူနာ (၁,၀၅၈) ခု စစ်ဆေးခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိ

(၁၈-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီ

 

၁။ (၁၇-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

 

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (၁၆-၈-၂၀၂၀ ရက်နေ့က တွေ့ရှိခဲ့သော COVID-19 ဓာတ်ခွဲအတည်ပြုလူနာအမှတ် (Case - 375) နှင့် ထိတွေ့မှုရှိခဲ့သူ စစ်တွေမြို့မှ (၅၁) ဦးနှင့် ကျောက်ဖြူမြို့မှ (၃၃) ဦးတို့၏ ဓာတ်ခွဲနမူနာများအပါအဝင်) ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၇၀၈) ခု၊

 

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၂၅၆) ခုနှင့်

 

- ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၉၄) ခု၊

 

- စုစုပေါင်း (၁,၀၅၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ -

 

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိပါ။

 

၂။ (၁၈-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၃၇၆) ဦး ရှိပါသည်။

 

၃။ (၁၇-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများ အနေဖြင့် -

 

• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမ + ဒုတိယအသုတ်) ဓာတ်ခွဲ နမူနာ (၁,၀၈၄) ခု၊

 

• ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၀၂) ခု၊

 

• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၇၈) ခု၊

 

• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၂၅၆) ခုနှင့်

 

• ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၁၅၂) ခု၊

 

• စုစုပေါင်း (၁,၇၁၄) ခုအား စစ်ဆေးခဲ့ပါသည်။

 

Credit>Ministry of Health and Sports, Myanmar