ဩစတြေးလျတောမီးကြောင့် တောရိုင်းတရစ္ဆာန်ကောင်ရေ သုံးဘီလီယံနီးပါး စားကျက်မြေပျောက်ကွယ်

mdn

ဗီယင်နာ ၃၀ ဇူလိုင်

 

ဩစတြေးလျနိုင်ငံတွင် အကြီးအကျယ် လောင်ကျွမ်းခဲ့သည့် တောမီးကြောင့် တောရိုင်းတိရစ္ဆာန်ကောင်ရေ သုံးဘီလီယံနီးပါးအထိ စားကျက်မြေပျောက်ကွယ် ခဲ့ရကြောင်း သိပ္ပံပညာရှင်များက ဖော်ပြခဲ့သည်။

 

ဩစတြေးလျတွင်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့သည့် တောမီးလောင်မှု များကြောင့် နို့တိုက်သတ္တဝါ ၁၄၃ သန်း၊ တွားသွားသတ္တဝါ ၂၄၆ သန်း၊ ငှက် အကောင်ရေ သန်း ၁၈၀ နှင့် ဖားအကောင်ရေ ၅၁ သန်းအထိ မီးလောင် သေဆုံးမှု သို့မဟုတ် စားကျက်မြေစွန့်ခွာ ထွက်ပြေးရမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

အသက်ရှင်နေထိုင်လာသည့် သမိုင်းကြောင်းတစ်လျှောက်တွင် တောရိုင်း တိရစ္ဆာန်ပေါင်းမြောက်မြားစွာကို ယခုလောက်အထိ သေကျေပျက်စီးစေ၊ စားကျက်မြေ ပျောက်ကွယ်စေသည့် အခြားဖြစ်ရပ်မျိုးရှိလိမ့်မည်ဟု မထင်မိကြောင်းနှင့် ယခုဖြစ်ရပ်သည် ခေတ်သစ်သမိုင်းကြောင်းတွင် တိရစ္ဆာန်များ အပေါ် ကျရောက်ခဲ့သည့် အဆိုးရွားဆုံးသဘာဝဘေးအန္တရာယ်တစ်ခု ဖြစ် ကြောင်း ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ကာ ဩစတြေးလျနိုင်ငံတစ်ဝန်း တောမီးလောင်မှုကြောင့် ပြည်သူ ၃၀ကျော်အထိသေဆုံးခဲ့ကြောင်း သိရသည်။

 

အင်န်အိတ်ချ်ကေ