ဩစတြေးလျပြည်နယ်က တောမီး တတိယအကြိမ်မြောက် အရေးပေါ်အခြေအနေကြေညာ

ဩစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်း နယူးဆောက်ဝေးပြည်နယ်တွင် ပြင်းထန်သည့် တောမီးလောင်ကျွမ်းမှုများ ရက်သတ္တပတ်အတွင်း ပျံ့နှံ့သွားနိုင်သဖြင့် မီးလောင်မှု တစ်ပတ်တာ အရေးပေါ်အခြေအနေကို ကြေညာခဲ့သည်။ 

 

4

 

ကြေညာချက်မှာ ယနေ့ စတင်အသက်ဝင်ခဲ့ပြီး ဒေသခံများနှင့် ကမ္ဘာလှည့်ခရီးသည်များကို သတိထားနေထိုင်ကြရန် အာဏာပိုင်များက တိုက်တွန်းခဲ့သည်။ အဆိုပါ ထုတ်ပြန်မှုမှာ သုံးကြိမ်မြောက် ထုတ်ပြန်ခြင်းဖြစ်သည်။ 

 

အဆိုပါ နောက်ဆုံးထုတ်ပြန်ချက်ကို ဒီဇင်ဘာလအတွင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

 

အချို့ဒေသများတွင် လေထုခြောက်သွေ့ခြင်း၊  လေတိုက်နှုန်းမြင့်မားခြင်းများခြင်းနှင့် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထက် ရောက်ရှိနိုင်ပြီး ယခုအပတ်အတွင်း မီးလောင်မှုများ ဖြစ်ပေါ်နိုင်သေးကြောင်း ခန့်မှန်းလျက်ရှိသည်။ 

 

4

 

နယူးဆောက်ဝေး ပြည်နယ်တစ်လျှောက်တွင် နိုဝင်ဘာလမှစပြီး မီးလောင်ကျွမ်းမှုများ စတင်ခဲ့သည်။ 

 

နှစ်သစ်ကူးနေ့ဖြစ်သည့် ဗုဒ္ဓဟူးနေ့မှစပြီး လောင်ကျွမ်းခဲ့သည့် တောမီးကြောင့် သုံးဦး သေဆုံးခဲ့ပြီး အိမ်ပေါင်း ၃၈၀ကျော် မီးလောင်ကျွမ်းခဲ့သည်။ 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်